Sunday, June 18, 2006

Mercantile Marine Cadet ဘဝ (၂)

Mercantile Marine Cadet ဘဝ (၂)

ကျောင်းကို စစ ရောက်ရောက်ချင်း နေ့က အဖြစ်အပျက် တစ်ချို့ကို သတိရသေးတယ်။ ကျွန်တှောတို့က ယူနီဖောင်းတွေ ထုတ်ပြီး ချက်ခြင်း လဲကြရတယ်။ စီနီယာတွေက သေတဿတာကို ဘယ်လို ထားရမယ်။ ကုတင်တွေ ဘယ်လို ညီနေရမယ်တွေ သင်ပေးကြတယ်။ ကျွန်တှော့ ဘေးနားကို အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် Cadet တစ်ယောက် သေတဿတာကြီး ထမ်းပြီး ယောင်ပေပေနဲ့ ရောက်လာတယ်။ ဘေးနားမှာ စီနီယာတွေ မရှိချိန်မို့ ကျွန်တှောက ” ဟေ့ မင်းဘယ်သူလဲ ဘယ်ကလည်းလို့ ” ခပ်တည်တည်နဲ့ မေးလိုက်တယ်။ အဲဒီတော့ သူက ကျွန်တှော့ နာမည် ယောသား ပါခင်ဗျ ယောနယ်က လာပါတယ် လို့ သတိဆွဲပြီး ပြန်ဖြေတယ်။ ကျွန်တှောလည်း ရယ်ချင်သွားတယ်။ ဒီကောင် ကျွန်တှော့ကို စီနီယာနဲ့ မှားနေတယ် ဆိုတာ ကျွန်တှော သိတယ်။ ဒါနဲ့ ဪ မင်းက ယောနယ်ကဆိုတော့ စုန်းတွေ ဘာတွေ တတ်သလားကွ လို့ ထပ်မေးလိုက်တယ်။ ဆရာသမားက- ကျွန်တှော အဲဒါတွေ မတတ်ပါဘူး ခင်ဗျာ ကျွန်တှောတို့က လယ်ပဲ လုပ်တာပါတဲ့။ ဒါနဲ့ - အေး ပညာတော့ မလျှိုနဲ့ပေါ့ကွာ.ငါကလည်း ခင်ကြီးဖျှောရဲ့ ကဝေသာရ ကျမ်းကို ထုံးလိုချေ ရေလို နှောက်ထားတဲ့ ကောင်ကွ၊ လက်ဖျောက်တီးရုံနဲ့ မီးလင်းသွားတာ လောက်ကတော့ အကင်းပဲ ဆိုတာ မင်းလဲ သိမှာပါလို့ ခပ်တည်တည်နဲ့ စလိုက်တော့၊ ပြာပြာသလဲ. မဟုတ်ပါဘူး အကို ကျွန်တှော တကယ် မသိတာပါခင်ဗျာ ရွာမှာတော့ စုန်းမကြီး တစ်ယောက် ရှိတာ အမပြောလို့ ကြားဖူးပါတယ် ဆိုပြီး မျက်နှာ ငယ်လေးနဲ့ ပြောရှာတယ်။ ဒါနဲ့ ကျွန်တှောလည်း အရမ်း ရယ်ချင်လာလို့ အေးအေး သွားသွား ပစဿစည်းတွေ နေရာတကျ သွားထားလိုက်ဦး နောက်မှ မင်းနဲ့ ဆက်ပြောမယ် ဆိုပြီး ပြောလွှတ်  လိုက်တယ်။ သူများကို ဒုကဿခပေးတဲ့ ဝဋ်က ချက်ခြင်းကို လည်တာပါပဲ။ ကျွန်တှောလည်း အဆောင် အပြင်ထွက်ရော ဘေးနားက စီနီယာကို မမြင်လိုက်ဘူး။ ဒါနဲ့ အဲဒီ စီနီယာက သူ့ကို အလေးမပြုရကောင်းလား ဆိုပြီး ထိုးစမ်း ဒိုက် ၅၀ ဆိုလို့ ချွေးပြန်အောင် ထိုးလိုက် ရပါတယ်။ အဲဒီ စီနီယာက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကိုစည်သာဟိန်းပါ။ ကျွန်တှောတို့  ရေကြောင်း ဌာနမှူး ကပဿပတိန် အောင်စိုးဆွေ ရဲ့ တူ၊ တီတီစီ ကျောင်းက၊ ကျွန်တှောတို့ကို အပြီသမမယ်လို့ ထင်ရှားတဲ့ သူပါ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ စပြီး ကျွန်တှောလည်း ပထမဆုံး အပြစ်ပေး ခံရခြင်းပါပဲ။ ဒါက တကယ်တော့ အကင်းပဲ ရှိပါသေးတယ်။


Technorati Tags: , ,

No comments: