Thursday, June 8, 2006

Google Browser Sync



ဂူးဂယ်လ်ရဲ့ မီးလျှံမြေခွေး Firefox အတွက် Extension အသစ်လေး တစ်ခုပါ။ Google Sync လို့ ခှေါပါတယ်။ ဒါလေးကို ဖိုင်းယားဖောက်စ်မှာ ထည့်သွင့်လိုက်ရင် အများကြီး အကျိုး ရှိတာ တွေ့ရပါတယ်။ တစ်ခါတစ်လေ ကျွန်တှောတို့တွေ အင်တာနက် သုံးစွဲနေရင်း Memory Leak ဖြစ်လို့ အင်တာနက် ဘရောက်ဇာ ပိတ်သွားတဲ့အခါ၊ ဒါမှမဟုတ် အကြောင်းအမျိုး မျိုးကြောင့် ဘရောက်ဇာကို ပိတ်လိုက်မိတဲ့အခါ အရင်က ဝင်ထားတဲ့ ထည့်သွင်းထားတဲ့ ပက်စ်ဝါဒ်တွေ၊ ကွက်ကီးတွေ အားလုံး ပျောက်သွား တတ်ပါတယ်။ ဒါလေးကို သွင်းထားရင် တကယ်လို့ ဘရောက်ဇာက ပိတ်သွားခဲ့ရင်တောင်မှ သူက နောက်ဆုံး ဝင်ခဲ့တဲ့ အင်ဖှော မေးရှင်းတွေ အားလုံးကို ဂူဂယ်လ် အကောင့် တစ်ခုမှာ သိမ်းထား ပေးပါတယ်။ ဘရောက်ဇာကို ဖွင့်လိုက်တာနဲ့ ကိုယ်နောက်ဆုံး ဖွင့်ထားတဲ့ ဝဘ်ဆိုဒ်တွေ၊ ကွက်ကီတွေ၊ ပါစ်ဝါဒ်တွေကို Restore လုပ်ပေးနိုင်ပါတယ်။ ဂူဂယ်လ် အကောင့် တစ်ခု ရှိဖို့တော့ လိုပါလိမ့်မယ်။ [ Link ]

Tags : Google Sync

No comments: