Friday, June 16, 2006

Essential Tools For Blog

မနေ့က ဘလော့ခ်မှာ အပြောင်းအလဲ နဲနဲ လုပ်ဖြစ်တယ်။ မျက်စိ နောက်လာတဲ့ Amazon စာအုပ် စာရင်းကို ဖြုတ်ပစ်လိုက်တယ်။ Zerotopic က ညွှန်းထားတဲ့ Bloglog လေးကို ထည့်တယ်။ 99Sanay ကညွှန်းတဲ့ NeoCounter လေးကို ထည့်လိုက်တယ်။ နှစ်ခုစလုံး ကောင်းကောင်း အလုပ်လုပ်တယ်။ ပြီးတော့ ကိုယ့်ဆီက ထွက်တဲ့ လင့်ခ်တွေ၊ အွန်လိုင်း ဖြစ်နေတဲ့ သူတွေကို တွေ့နေရတဲ့ အတွက် ဒါလေးတွေကို သဘောကျ နေမိတယ်။ အဲဒီအတွက် ကောင်းတာလေးတွေ ညွှန်းပေးတဲ့ ကိုမင်း နဲ့ မစနေကို ကျေးဇူး တင်ပါတယ် ခင်ဗျား။

 


နီရိုကောင်တာ ကိုသုံးစွဲရင် အထက်က ပုံလို ကိုယ့်ဆီလာတဲ့ သူတွေကို မြေပုံလေးနဲ့ ပြပေးပါတယ်။ ဘလော့လောခ့်ကို ထည့်သွင်း ထားရင်တော့ ကိုယ်ပေးထားတဲ့ လင့်ခ်ကို လူဘယ်နှစ်ယောက် ကြည့်ရှုတယ် ဆိုတာ သိနိုင်ပါတယ်။ အဲဒါ လေးတွေ အသုံးပြုချင် တယ်ဆိုရင် ဒီနေရာမှာ အကောင့်ဖွင့်ပြီး ထည့်သွင်း နိုင်ကြပါတယ်။ [Neocounter] [Bloglog] တစ်ခြား ဘလော့ခ် အတွက် ကောင်းမွန်တဲ့ အသုံးချ Application များကို သိချင်ရင်တော့ ဒီနေရာမှာ ဖတ်ရှု လေ့လာ နိုင်ပါတယ်။ [Essential Tips]


Technorati Tags: , , ,

No comments: