Saturday, June 24, 2006

စောက်ရမ်းပဲ့တယ်

ကျွန်တှော ရန်ကုန်မှာ ရှိစဉ်က အင်တာနက်တွေ ဘာတွေနဲ့ သိပ်မရင်းနှီးတော့ ဖရီးမေးလ်တွေ ဘာတွေလည်း မသိဘူးပေါ့။ ဒီတော့ mail4u ဆိုတာကို ပိုက်ဆံ ၈၀၀၀ ပေးပြီး သွားလုပ်ရတယ်။ အခု နောက်ပိုင်းမှ ပြန်စဉ်းစား မိတယ်။ အဲဒီလိုမျိုး လူပေါင်း ၁၀၀၀၀ လုပ်မယ်ဆိုရင် ဒီလူတွေက အလကားနေရင်း သိန်း ၈၀၀ အမြတ်ထွက်သွားပြီ။ ၁၀၀၀၀၀ ဆိုရင် သိန်း ၈၀၀၀ ပဲ။ ဒီမေးလ်တွေဟာ တကယ်တော့ တစ်ကမဿဘာလုံးက လူသားတွေကို ရက်ရက်ရောရော အလကား ပေးသုံးထားတာ အများကြီးပါ။ Yahoo, Hotmail, Gmail စသည်ဖြင့် အများကြီးပါပဲ။ ဒါကို ကျွန်တှောတို့ ဆီက ဘာလို့ အမြတ်ထုတ်ပြီး လုပ်စားနေတယ် မသိဘူး။ တွေးမိရင် ရှက်ဖို့ ကောင်းတယ်။ အင်တာနက်ဟာ မျက်စိပဲ။ လူငယ်တွေအတွက် အနာဂါတ်ပဲ။ နိုင်ငံတိုးတက်အောင် အင်တာနက်ကို ဖွင့်ပေးသင့်တယ်။ ကွန်ပြူတာဆိုင်ရာ မိုက်ခရိုဆောဖ့် စာမေးပွဲတွေ ဖြေဖို့ dot.net passport လိုတယ်။ တစ်ကမဿဘာလုံးက လူတွေဟာ Messenger, Gtalk တွေ သုံးပြီး အခမဲ့ ဆက်သွယ်ခွင့် ရနေတယ်။ သူများ နိုင်ငံတွေထက် အဆမတန်ကြီးတဲ့ အင်တာနက် ကွန်နက်ရှင် ဈေးနှုန်းကိုလည်း ကောက်ခံ ထားသေးတယ်။ လုပ်ပေးသူတွေကတောင် အခမဲ့ လုပ်ပေးထားတာကိုဗျာ။ ဒါတွေကို မနေ့က ဘန်းလိုက်တယ် ပြောတယ်။ စောက်ရမ်း ပဲ့တယ် ဆိုတာထက် ပိုလေးနက်တဲ့ စကားရှိရင် ပြောပစ်လိုက်ချင်တယ်။ ဒါပါပဲ။

No comments: