Friday, June 23, 2006

ငှက်ကလေး နှစ်ကောင်





ငှက်အှောသံ လေးတွေကြားလို့ ထွက်ကြည့်မိတဲ့ အခါ ငှက်ပေါက်စလေး နှစ်ကောင် အခန်းဘေးမှာ ကျနေတာ တွေ့ရပါတယ်။ တနေ့က လေကြီးမိုးကြီး ကျတုန်း ပြုတ်ကျ နေတာလို့ ထင်မိတယ်။ သူတို့ကို ငှက်ဖိုနဲ့ ငှက်မကြီးက အစာလေးတွေ ယူလာပြီး ကျွေးတယ်။ အပျံသင်ပေးနေတယ်။ နှစ်ကောင်မှာ တစ်ကောင်က ငယ်ငယ်လေး ရှိသေးတယ်။ ဖြစ်ချင်တော့ သူတို့ ကျနေတဲ့ နေရာက ကျွန်တှောတို့ အိမ်ရဲ့ အလယ်ခေါင်ကွက်လပ်မှာ ဖြစ်နေတယ်။ သူတို့ကို ပြန်တင်ပေး ချင်ပေမယ့် သူတို့ အသိုက်က အိမ်ရဲ့ တှောတှောမြင့်တဲ့ ခေါင်မိုးနားမှာ ဖြစ်နေတော့ ဘယ်လိုမှ တင်မရဘူး။ ဒါနဲ့ ကျွန်တှောလည်း အစာလေးတွေ ချချကျွေးပြီး ကင်မရာ တစ်လက်နဲ့ ပါပါရာဇီ လုပ်နေမိတယ်။ အငယ်ကောင်လေးက နှစ်ပေ လောက်အထိပဲ ပျံနိုင်သေးတယ်။ အကြီးကောင်က နဲနဲ ပျံတတ်နေပြီ။ ညအိပ်ရင် သူတို့နှစ်ကောင် ချောင်လေး တစ်ခုမှာ သွားအိပ်ကြတယ်။ မနက်လင်းတာနဲ့ သူ့မိဘတွေက လာလာရှာတယ်။ ပထမ နေ့ကတော့ ကျွန်တှော့ကို မြင်ရင် ထွက်ပြေးကြတယ်။ အခုတော့ ထွက်မပြေးတော့ဘူး။ ဒါနဲ့ ကျွန်တှောလည်း ဓါတ်ပုံလေးတွေ ရိုက်ထားလိုက်တယ်။ နောက် ၂ ရက်လောက် ကြာရင် ဒီကောင်တွေ ပျံတတ်တော့မယ် ထင်ပါရဲ့။

No comments: