Saturday, June 3, 2006

လူဟာ မျောက်မဟုတ်သလို မျောက်တွေက လူမဟုတ်ဘူး

မျောက်တစ်ကောင်၏ ရင်ခုန်သံမှာ ကျယ်သလားတိုးသလား မသိပါ။ သို့သှော မျောက်တစ်ကောင်မှာ နှလုံးသား တစ်ခုတော့ ရှိတာ ကိုတော့ ကျွန်တှော အသေအချာ သိပါတယ်။

မျောက်တစ်ကောင်ဟာ လူတစ်ယောက်နဲ့ မျိုးစိတ်ချင်း တှောတှော တူတယ်လို့ ကျွန်တှော ဖတ်ဖူးတယ်။ မျောက်မှာ မျိုးစိတ်တွေ ၂၀၀ ကျှော ရှိတယ်။ လူဝံတွေ၊ ချန်ပန်ဇီတွေနဲ့ ဂစ်ဘွန်း တွေဟာ မျောက်မဟုတ်ကြဘူး။ ခင္ဗ်ားတို့ မွားမွား မေခါှျကပါနဲ့။ မျောက်ကို မျောက်လို့ ရိုးရိုး သတ်မှတ်လိုက်ပါ။ မျောက်ဟာ ခင်ဗျားတို့ ထင်သလို လူတစ်ယောက် ဖြစ်မလာ နိုင်ဘူး။ မျောက်ဟာ လူသားတွေရဲ့ အစမဟုတ်သလို လူတစ်ယောက် ကလည်း ဘယ်တော့မှ မျောက်ပြန် မဖြစ်နိုင်တော့ဘူး။ တကယ်လို့ မျောက်ဖြစ်ချင်တဲ့ သူတွေအတွက် ကတော့ အမြီးတစ်ချောင်း မဖြစ်မနေ လိုတယ် ဆိုတာကိုတော့ ခင်ဗျားတို့ သေချာ သိထားမှ ဖြစ်မယ်။

မျောက်တစ်ကောင်ရှိတယ်။ သူ့မှာ အိပ်ချင်စိတ်၊ အစာစားချင်စိတ်၊ လိင်စိတ် ရှိတယ်။ မျောက်တွေမှာ အဋဿဌာရသ ၁၈ ရပ် မရှိဘူး။ မျောက်တွေမှာ တကဿကသိုလ် ပညာရေး မရှိဘူး။ မျောက်တွေမှာ ဆရာဝန် မရှိဘူး။ မျောက်တွေမှာ ရိုးသားမှုနဲ့ ယဉ်ကျေးမှု မရှိဘူး။ မျောက်တွေမှာ ရိုးရာ အစဉ်အလာတွေ မရှိဘူး။ မျောက်တွေမှာ အဝတ်အစား မရှိဘူး။ မျောက်တွေမှာ သမိုင်းကို တူးဖှောသူ မရှိဘူး။ မျောက်တွေမှာ အတင်းပြောသူ မရှိဘူး။ မျောက်တွေမှာ လန်ခရုဆာ မောင်းချင်သူ မရှိဘူး။ မျောက်တွေမှာ ပိုက်ဆံ မရှိဘူး။ မျောက်တွေမှာ ဆံပင်ဖြောင့် ချင်သူ မရှိဘူး။ မျောက်တွေမှာ သေနတ် မရှိဘူး။ ကုန်ကုန်ပြောရရင် မျောက်တွေဟာ လူတွေ မဟုတ်ကြဘူး။ သူတို့ဟာ သူတို့ ဘဝနဲ့ သူတို့ ကျေနပ်နေသူတွေ ဖြစ်ကြတယ်။ သူတို့မှာ ထာဝရ ဘုရားနဲ့ သုခဘုံကိုလည်း တပ်မက်စိတ် ရှိမယ် မထင်ဘူး။ တကယ်တော့ မျောက်တစ်ကောင်ဟာ....


မှတ်ချက် - လူဟာ မျောက်မဟုတ်သလို မျောက်တွေက လူမဟုတ်ဘူး အက်ဆေး မှ


ညီလင်းဆက်

Tags: NLS , Essay

No comments: