Monday, June 5, 2006

Announcement

ဒီ စေန တနဂဿငေနြမွာ ဒီဘလော့ခ် လေးကို အတှောလေး အပြောင်းအလဲ လုပ်ဖြစ်ပါတယ်။ Tag တွေကို စနစ်တကျ ပြန်စီပြီး ဖြစ်သလို Blog Layout တစ်ချို့ကိုလည်း ပြောင်းလိုက်ပါတယ်။ ဖတ်ရှုသူ အားလုံး အဆင်ပြေ လွယ်ကူဖို့ သက်ဆိုင်ရာ ပိုစ့်တွေ လွယ်ကူ လျှင်မြန်စွာ ရှာဖွေနိုင်ဖို့ del.icio.us ဝဘ်ဆိုဒ်ကို အခြေတည်ပြီး Keyword တွေကို ဆိုဒ်ဘန်နာ အောက်မှာ ထည့်သွင်း လိုက်ပါတယ်။ အဲဒီအတွက် တစ်ခုခုကို ဖတ်လိုတဲ့ အခါ သက်ဆိုင်ရာ ကီးဝါဒ်ကို နှိပ်ပြီး ပိုစ့်တွေကို ရှာဖွေ နိုင်ပါပြီ။ ဥပမာ- အခမဲ့ ဖရီးဝဲလ် တွေကို ရှာလိုရင် Freewares ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ရုံနဲ့ အဲဒါနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေသာ ထွက်လာမှာ ဖြစ်ပါတယ်။ ကီးဝါဒ် ၉၉% ဟာ ဒီဘလောခ့် ထဲက အကြောင်းအရာနဲ့ ပိုစ့်တွေပဲ ဖြစ်ပါတယ်။ အနည်းငယ်သော ကီးဝါဒ်များ ကတော့ တခြားဆိုဒ်တွေကို တိုက်ရိုက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ အချို့ ကီးဝါဒ်များဟာ Censored ကီးဝါဒ်များ ဖြစ်ပါတယ်။ ဆင်ဆာ ကီးဝါဒ်ဆိုတာ အများသူငါနဲ့ အရွယ် မရောက်သေး သူတွေ အတွက် မရည်ရွယ်တဲ့ ကီးဝါဒ် ဖြစ်ပါတယ်။ ညစ်ညမ်း စာပေ ပုံတွေကို ဖြန့်ချီဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျွန်တှော မှတ်သား ထားတဲ့ ဆိုဒ်တွေ ဖြစ်ပါတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ပါ။ အဲဒီအတွက် အဲဒီ ကီးဝါဒ် တွေကိုတော့ မဖတ်ရှု လိုရင် ရှောင်ရှားနိုင်ပါတယ်။ အနက် မလွဲမှားအောင် စာသားကို သေချာ ရေးသား ထားပါတယ်။ ကြိုတင် ပြောကြား ထားပြီးမှ ကိုယ့်ဘာသာကိုယ် ဝင်တယ်ဆိုရင် Take Your Own Risks ဖြစ်ပါတယ်။ ကျွန်တှောနဲ့ မည်သို့မှ မပတ်သတ်ပါ။ ဒီဘလော့ခ်ဟာ ကျွန်တှော့ရဲ့ ပါဆင်နယ် ဘလောခ့် ဖြစ်တဲ့ အတွက် ကျွန်တှောနဲ့သာ သက်ဆိုင်ပါတယ်။ ကျွန်တှော့ အယူအဆ အတွေးအခှေါများ အတွေ့အကြုံ များနဲ့တကွ မှတ်သားဖွယ် အချက် အလက်များ ဗဟုသုတများ မြန်မာပြည်နဲ့ ပတ်သတ်တာများကို အခမဲ့ ဖြန့်ချိပေးထား ပါတယ်။  ကောင်းကျိုး တစ်စုံတစ်ရာ မရှိဘူး ထင်မြင်ခဲ့ရင် မဖတ်ရှုဘဲ နေနိုင်ပါတယ်။ အထက်ပါ ကီးဝါဒ်များမှာ စာလုံး အရွယ်အစားကို လိုက်ပြီးတော့ သက်ဆိုင်တဲ့ ပိုစ့် အရေအတွက်ကို ခန့်မှန်းနိုင်ပါတယ်။ စာလုံး အကြီးဆုံးဟာ ပိုစ့်အရေအတွက် အများဆုံး အကြောင်းအရာ အတွက် ကီးဝါဒ် ဖြစ်ပါတယ်။ အားလုံး အဆင်ပြေ ပျှောရွှင်စေဖို့ ရည်ရွယ် ပါတယ်။ ပိုစ့် တစ်ခုဖတ်လို့ မှတ်သားဖွယ်ရာ တစ်စုံတစ်ရာ ရတယ်ဆိုရင် ကျွန်တှောလည်း ပျှောရွှင်မိမှာ အမှန်ပါ ခင်ဗျား။

No comments: