Friday, June 23, 2006

23.06.06

စိတ်ညစ်တာတွေကို ထုတ်ပြောလို့ မရဘူး။ ဘာတွေ စိတ်ညစ်နေရလဲ။ ဒါတွေလည်း ရင်ထဲမှာပဲ ရှိတယ်။ တစ်ခါတစ်လေတော့ မိန်းမတွေလို ရှိုက်ကြီးတငင်တွေ ငိုတတ်ချင်ရဲ့။ ဒါပေမယ့်မယ့် ငါ့မျက်ရည်တွေ ဘယ်ရောက်နေခဲ့လဲ။ ဘဝဟာ ဘာမှ မရှိတာ ကောင်းတယ်။ ဘဝမှာ ဘာကိုမှ မတတ်တာ ကောင်းတယ်။ ဘဝဟာ နလပိန်းတုန်း ဖြစ်ရတာ ကောင်းတယ်။ ဘာကိုမှ မလိုချင် မမက်မော မိရင်လည်း အကောင်းသား။ အားလုံးကို မေ့ပစ်ပြီး အလုပ်တွေနဲ့ ကွန်ပြူတာထဲမှာ စိတ်နှစ်ဖို့ ကြိုးစားတယ်။ ပြန်ပှေါလာတဲ့ အချိန်မှာ လူဟာ တာဝေး အပြေးသမား တစ်ယောက်လို နုံးချိ သွားရပြန်တယ်။ ငါဟာ အသုံးမကျသူ တစ်ယောက်ပဲ။ ငါဟာ ငါနဲ့ မလိုက်ဖက်တဲ့ လူတွေကြားမှာ ရှင်သန်ခဲ့ရတယ်။ ငါငတုံး ဖြစ်ချင်တယ်။ ခေတ်ကာလကလည်း ငါလို ကောင်အတွက် အလုပ် မရှိဘူး။ ငါကလည်း သူများ လက်အောက်မှာ ပိုက်ဆံ တစ်ခုတည်းအတွက် မှောဖူးပြီး အလုပ် လုပ်ချင်တဲ့ကောင် မဟုတ်ဘူး။ ငါတတ်တဲ့ ပညာက စိတ်ကူးလေးနဲ့ အတွေးလေးနဲ့ ဈာန်ဝင်စားပြီး လုပ်ရတဲ့ ဘာသာရပ်။ Pressure တွေ အပြောအဆိုတွေကို ငါမခံနိုင်ဘူး။ ဒါကလည်း ငါ့အားနည်းချက်ပဲ။ မြန်မာပြည်မှာ အလုပ် ပြန်လုပ်ချင်တယ်လို့ ပြောတော့ ငါ့သူငယ်ချင်းတွေက အဆင်မပြေတဲ့ အကြောင်းတွေ ညည်းကြတယ်။ ငါ့အိမ်က ငါ့ကို စကဿငာပူ ပြန်သွားဖို့ ပြောတယ်။ အမေရယ်. စကဿငာပူဟာ ကျွန်တော့ အတွက် အောင်မြေ မဟုတ်ဘူးလို့ ပြောရမလား။ အရင်က ငါ့ပုံစံနဲ့ဆို စကဿငာပူ မကလို့ ဘယ်နိုင်ငံမဆို အဆင်ပြေမှာပါ။ ဒါပေမယ့် ငါပြောင်းလဲခဲ့ပြီ။ ငါအများကြီး ပြောင်းလဲသွားတယ်။ အရင် ၆ နှစ်က ငါ၊ အရင် ၃ နှစ်ကငါ၊ အရင် တစ်နှစ်ကငါ လုံးဝ မတူတော့ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့အခါ စကားတွေ အများကြီး ပြောရတယ်။ ငါစကား မပြောချင်ဘူး။ အရင်က သိပ်စကားများတဲ့ ငါဟာ နှုတ်တွေ ဆွံ့အလာတယ်။ မိဘတွေကို အားနာတယ်။ ငါ့အတွက် ပိုက်ဆံတွေ အများကြီး ကုန်ရတယ်။ ငါဘာဖြစ်နေ ဖြစ်နေ ငါ့အပှေါ ကောင်းကြတယ်။ မိသားစုဆိုတာ နွေးထွေးပါတယ်။ ငါ့ဆရာမက ငါ့ကို ကျောင်းပြန်လာတက်ဖို့ ပြောတယ်။ ငါသေချာ စဉ်းစားရမယ်။ ဘဝမှာ ဂငယ်ကွေ့တွေ များခဲ့တယ်။ ငါဘာဖြစ်ချင်သလဲ။ တကယ်ဆို ငါဘာမှ မဖြစ်ချင်ဘူးလေ။

No comments: