Sunday, May 14, 2006

Mother and Family - အမေနဲ့ မိသားစု ၅

Mother and Family - အမေနဲ့ မိသားစု ၅

ကျွန်တှော့ ငယ်ဘဝမှာ မှတ်မှတ်ယယ ရှိခဲ့တဲ့ ပစဿစည်းလေးတွေ ကစားစရာ လေးတွေက သိပ်မများလှပါဘူး။ ပထမဆုံးက ကျွန်တှော အိပ်ခဲ့ရတဲ့ ပုခက်လေးကို မှတ်မိနေမိတယ်။ ကျွန်တှော့အသက် ၅နှစ်သား လောက်အထိ အိပ်ခဲ့တဲ့ ကြိမ်ပုခက်လေး။ တစ်ည ဒီကြိမ် ပုခက်လေးထဲမှာ အိပ်နေရင်းက အဖေအမေတို့ မသေပါနဲ့ ဆိုပြီး ညကြီး သန်းခေါင် အှောငိုခဲ့တာ လေးကိုလည်း သတိရနေ မိသေးပါတယ်။ ၄နှစ်သားအရွယ် ဘာမှမသိသေးတဲ့ ကျွန်တှော့ ဦးနှောက်ထဲကို ဘယ်လိုလုပ်ပြီး ဒီအတွေး ဝင်လာခဲ့သလဲ ဆိုတာကို ကျွန်တှော ခုချိန်ထိ ဘယ်လိုမှကို စဉ်းစားလို့ မရပါဘူး။ ရှိုက်ကြီးတငင် ငိုနေခဲ့ မိတာကိုပဲ မှတ်မိတော့တယ်။ နောက်တစ်ခုက သစ်သားမြင်းရုပ်လေး ဖြစ်ပါတယ်။ အဲဒီမြင်းရုပ်လေးကို ကျွန်တှော အလွန်နှစ်သက်ပါတယ်။ နောက်ဆုံး စီးလို့မရအောင် ကျိုးသွားတာတောင် ကျွန်တှော လွှင့်မပစ်ရက်ပါဘူး။ အစိမ်းရယ် အဖြူနဲ့ အနီ ကွက်ကျား ဆေးရောင်ခြယ်ထားတဲ့ ဒီမြင်းလေးဟာ ကျွန်တှော့ ငယ်ဘဝက ရင်းနှီးရလွန်းတဲ့ သူငယ်ချင်း တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ နောက်တစ်ခုက အနက်ရောင် ဂှေါဇီလာ ရုပ်လေး။ အဖေတို့နဲ့ ဂှေါဇီလာ ရုပ်ရှင်ကား သွားကြည့် ပြီးတဲ့နောက်မှာ ကျွန်တှော့စိတ်ထဲ ဒီအရုပ်လေးဟာ အပြင်မှာ တကယ် ရှိတယ်လို့ ထင်မိပါတယ်။ နောက်ဆုံး ဂှေါဇီလာကြီးကို သူ့ သားသမီးတွေ အသံနဲ့ မျှားပြီး ခှေါလို့ မီးတောင်ထဲကို ကျသွားတဲ့ အခန်းဆိုရင် ကျွန်တှော စိတ်မကောင်း ဖြစ်ရတာ လွန်ပါရော။

ကျွန်တှောတို့ နေထိုင်ရာ အညာဒေသက အဲဒီ အိမ်ကြီးမှာ တောက်တဲ့တွေ သိပ်ကို ပေါပါတယ်။ နီရဲရဲ ပါးစပ်တွေနဲ့ အဲဒီ တောက်တဲ့တွေကို ကျွန်တှောသာ မက၊ ကျန်တဲ့ သူတွေကလည်း တှောတော့ ကို မုန်းကြပါတယ်။ ညညဆို ထထအှောတတ်တဲ့ သူတို့ အသံကြောင့် အိပ်ရေးလည်း ပျက်ရပါတယ်။ ကျွန်တှောကတော့ တောက်တဲ့ ကိုက်ခံရမှာကို သိပ်ကြောက်တယ်။ ပြီးတော့ တောက်တဲ့ ကိုယ်ပှေါ ပြုတ်ကျလို့ ကပ်နေရင် မိုးကြိုး ပစ်မှ ကွာကျတယ် ဆိုလို့ သူတို့ ရှိရင် ယောင်လို့တောင်မှ အောက်က ဖြတ်မလျှောက် ရဲပါဘူး။ တစ်ရက်တော့ အကိုနဲ့ သူ့ရဲ့ သူငယ်ချင်းတွေက စုစုစုစု နဲ့ တိုင်ပင်နေကြတာ တွေ့တော့ ကျွန်တှောက သွားမေးတယ်။ ဘာလုပ်နေကြတာလဲပေါ့။ ဪ သူတို့တွေ တောက်တဲ့ နှိမ်နှင်းရေး လုပ်ကြမလို့တဲ့လေ။ ကျွန်တှော တှောတှောလေး ပျှောသွားတယ်။ အဲဒီအချိန်က ကျွန်တှောက ၅ နှစ်၊ သူတို့တွေက ၁၃ နှစ်လောက်တွေပေါ့။ အခုမှ ပြန်စဉ်းစားမိတော့ ကျွန်တှော မပြောနဲ့ သူတို့တောင် ကလေး သာသာ ရှိသေးတာကိုး။ ကျွန်တှောတို့ ရဲ့ တောက်တဲ့ နှိမ်နင်းရေး ဆိုတာကလည်း သိပ် ကြီးကြီးမားမား ကြီးတော့ မဟုတ်လှပါဘူး။ တောက်တဲ့ မြင်ရင် အဝေးကနေ သာရေကွင်း ကြီးကြီးနဲ့ ပစ်ကြတာပါ။ ကျွန်တှောတို့က အဲဒီသားရေကွင်း မျိုးကို ဂိုင်ဒိုး လို့ ခှေါကြတယ်။ ဘာမှသာ မဟုတ်ပေမယ့် ၂ ပတ်လောက်အတွင်းမှာ အဲဒီတဝိုက်က အိမ်တွေမှာ တောက်တဲ့တွေ သိသိသာသာကြီးကို နည်းသွားတာ ကတော့ အသေအချာပါပဲ။

အပိုင်း ၄ ကိုဖတ်ရန် နှိပ်ပါ [Click]
ယခင် အက်ဆေး အဟောင်းများကို ဒီနေရာမှာ ရှာပါ [Essays]


No comments: