Wednesday, May 10, 2006

ဘန်းဝဒ်

ကျွန်တှော တစ်ချို့ အရေးကြီးတဲ့ ပုံတွေ ဖိုင်တွေ တင်ထားတဲ့ ဆိုဒ်က Ripway မှာပါ။ သူက ဖရီးအကောင့် တစ်ခုအတွက် ၃၀ မက်ဂါဘိုက်နဲ့ တစ်နေ့သုံးစွဲခွင့် ၂၅ မက်ဂါဘိုက် ပေးထားပါတယ်။ ခုတလော ဘန်းဝစ်တွေ အရမ်းကျလို့ စစ်မိတော့ နေ့တစ်ဝက် ထဲတင်ကို ၂၄ မက်ဂါဘိုက် ကုန်နေတယ်။ ကျွန်တှော့ဆိုဒ် တစ်ခုထဲကနေ သုံးစွဲအားက အဲဒီလောက် လုံးဝမရှိပါဘူး။ ဓါတ်ပုံတွေကိုလည်း တစ်ခြားဆိုဒ်နဲ့ ချိတ်ထားလို့ အဲဒီအတွက် ပူစရာ မလိုပါဘူး။ အများဆုံး ကုန်စရာဆိုလို့ အီးအိုတီ လုပ်ထားတဲ့ ဖောင့်ဖိုင်ပဲ ရှိတယ်။ ဖောင့်ဖိုင်ကလည်း ၁၅၀ ကီလိုဘိုက်လောက်သာ ရှိတာမို့ အဲဒီလောက် မကုန်နိုင်ဘူး ထင်မိတယ်။ ဟိုစ့်စတင်းဆိုဒ်ရဲ့ Announcement ကိုဖတ်ကြည့်တော့ သူတို့လည်း တက်ခ်နစ်ကယ်လ် ပြသဿသနာတွေ ကြုံနေတာ တွေ့ရတယ်။ ဒါပေမယ့် ကိုယ့်ဘန်းဝစ် သုံးစွဲအားနဲ့ ဘာမှ မဆိုင်လောက်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ဆိုဒ်မှာတင်ထားတဲ့ တစ်ချို့ဖိုင်တွေ ပုံတွေ ပျက်ကုန်မယ်နဲ့ တူတယ်။ ဒီပြသဿသနာကို ဖြေရှင်းဖို့ စဉ်းစားရဦးမယ်။ ရှုပ်လိုက်တာ ဖရီးအကောင့်တွေရယ်။

Tags : Chaos , Diary

No comments: