Wednesday, May 3, 2006

ဖြစ်ချင်သလို ဖြစ်လာတဲ့ဘဝ

ဒီရက်ပိုင်းမှာ စိတ်တွေ အတှောလေနေတယ်။ ၂၄ နာရီမှာ နာရီ ၂ဝလောက် အိပ်ဖြစ်တယ်။ စာတွေလည်း ဖတ်ချင်စိတ် မရှိဘူး။ အင်တာနက်လည်း သုံးချင်စိတ် မရှိဘူး။ စိတ်နဲ့ လူနဲ့လည်း မကပ်ဘူး။ အနာဂတ်ကို စဉ်းစားတော့လည်း ဘာမှ မသေချာဘူး။ ဘာဖြစ်ချင်တာလည်းလို့ အခါခါ ပြန်မေးမိတော့လည်း ဘဝမှာ ဘာမှ မဖြစ်ချင်ပြန်ဘူး။ အနာဂတ် မရှိတဲ့သူဟာ လူ့ဗာလ ဆိုရင် ကျွန်တှောဟာ ထိပ်ဆုံးက နေမှာပဲ။ နေ့တွေ တစ်ရက်ပြီး တစ်ရက် ကုန်သွားတော့ ဘာထူးခြားလာလည်း။ အင်း ဆံပင်တွေ ရှည်လာတယ်။ တစ်ခါမှ ဒီလောက် ဆံပင်အရှည် မထားဖူးဘူး။ ဒီတစ်ခါတော့ ဖြစ်လိုရာ ဖြစ်စေတော့ အရှည်ထားတော့မယ်။ အိမ်မှာ ရှိတဲ့ စာအုပ်တွေလည်း အနည်းဆုံး နှစ်ခါ သုံးခါ ရှိနေပြီ။ ဖတ်စရာ စာအုပ်လည်း မရှိတော့ဘူး။ လေယာဉ်လက်မှတ်ဈေးတွေက ဒှေါလာ ၉၀၀ ကျှောသွားပြီတဲ့။ ပြန်စရာ လမ်းလည်း မရှိဘူး။ ပြန်တော့ရော မြန်မာပြည်မှာ ဘာလုပ်စားရမလဲ။ ဘယ်သူက တစ်လက ဒှေါလာ ၅၀၀ လောက်ပေးပြီး အလုပ်ခန့်မလဲ။ ဟူး။ အခုတစ်လော လူတွေ ဘာလို့ ဖြစ်လာတာလည်း ဆိုတာကို နက်နက်နဲနဲ တွေးနေမိတယ်။ လူပီသအောင် နေဖို့လား။ သံသရာက လွတ်ဖို့လား။ သံသရာကလွတ်ဖို့ အစမ်းသပ်ခံ အနေနဲ့ ဖြစ်လာတာလား။ ဒါလည်း မဟုတ်နိုင်ဘူး။ သူ့ဟာသူ ဖြစ်ချင်လို့ ဖြစ်လာတာပဲ နေမယ်။ ဒီတော့ ဖြစ်ချင်သလို ဖြစ်လာတဲ့ ဘဝမှာ ဖြစ်ချင်တာဖြစ် နေလိုက်တာ ကောင်းမယ်ထင်ပါရဲ့။

Tags : Diary , NLS

No comments: