Saturday, April 29, 2006

My Own Quotations

အသိဉာဏ်မရှိသော စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသော သူများနှင့် စကား ပြောရသည်မှာ ပင်ပန်းလှပါသည်။ သင့်အနေဖြင့် ကိုယ်ကျိုး တစ်ခုတည်း မဟုတ်ဘဲ အများအကျိုးပါ ကြည့်တတ်သူဟု ယူဆထားပါလျှင် တပါးသူမပင်ပန်းစေရန် ကိုယ်တိုင် အသိဉာဏ်ရှိအောင် အရင်လုပ်သင့်ပါသည်။

အကောင်းဆုံး ဘောလုံးဖမ်းသူတစ်ယောက် ဖြစ်လာရန် အတွက် ကိုယ်တိုင် အစွမ်းအစ ရှိရုံနှင့်မရဘဲ အခြား ထိပ်တန်းတိုက်စစ်မှူးများစွာ ကန်ချက် ညံ့ဖျင်းပေးရသကဲ့သို့၊ အကောင်းဆုံး ဂိုးသွင်းသူတစ်ယောက် ဖြစ်ရန်မှာလည်း ထိပ်တန်းဂိုးသမားများ၏ အမှားများစွာနှင့် သက်ဆိုင်လှပါသည်။

ကမဿတာ့ကြီးကို ယဉ်ကျေးမှု တိုးတက်အောင် ကြိုးပမ်းပေးခဲ့ကြသော မည်သည့် ပုဂဿဂိုလ်များမဆို ပိုက်ဆံအတွက် လုပ်ခဲ့သည်ဟူ၍ မရှိခဲ့ပါ။ သိလိုစိတ်နှင့် ထိုးထွင်းဉာဏ်ကြောင့်သာ နည်းပညာရပ်များ ထွန်းကားခဲ့ရသည်။

တိတ်ဆိတ်ခြင်းတွင် အသံရှိသည်။ ထိုအသံကို ခံစားနိုင်ရန်မှာ တိတ်ဆိတ်ခြင်းကို မြတ်နိုးတတ်ဖို့ လိုပါလိမ့်မည်။

တစုံတရာကို သင်မေ့လိုလျှင် ဘယ်တော့မှ ပြန်မစဉ်းစားဖို့ အရေးအကြီးဆုံး ဖြစ်ပါသည်။

ကျေးဇူးတရားထက် ပြန်ဆပ်ဖို့ ခက်ခဲသောအရာမရှိ။

မိမိကို နားမလည်သူများအား နားလည်လာအောင် ရှင်းပြ လုပ်ပြရခြင်းထက် ပိုပင်ပန်းသော အလုပ်မရှိ။

အသွင်မတူသူများနှင့် ပေါင်းသင်းရခြင်းထက် စိတ်ညစ်စရာကောင်းသော အလုပ်မရှိ။

စိတ်ဆင်းရဲခြင်းထက် ပို၍ စိတ်ဆင်းရဲရသော အရာမရှိ။

ကိုယ့်မွေးရပ်မြေရနံ့ထက် ပိုမွှေးမြသော မြေရနံ့မရှိ။



ညီလင်းဆက်

Tags : NLS , Essay , Knowlegde , Quotations

No comments: