Wednesday, April 19, 2006

Mother and Family - အမေနဲ့ မိသားစု ၃

Mother and Family - အမေနဲ့ မိသားစု ၃

အမေ ရန်ကုန်မှာ တကဿကသိုလ် တက်တော့ အဖေက မကြာခဏ လာပါသတဲ့။ ပထမတော့ အမေက သူ့ဆီလာတယ်လို့ လုံးလုံးကို မထင်ပါဘူးတဲ့။ ခဏခဏတွေ့နေလို့ မျက်မုန်းတောင်ကျိုး တယ်လို့ဆိုပါတယ်။ နောက်သိတော့မှ အံ့အားသင့် သွားတယ်လို့ အမေက ပြောပါတယ်။ အဖေနဲ့ အမေဟာ တစ်ယောက်ကိုတစ်ယောက် တှောတှောလေး ချစ်ကြပါတယ်။ တခါက ကျွန်တှောတို့ ငယ်ငယ်က နေခဲ့ဖူးတဲ့ အိမ်လေးကိုရှင်းတော့ ပုံးကြီးတစ်ပုံး တွေ့ပါတယ်။ အမေ နဲ့ အဖေ တစ်ယောက်စီ တစ်ယောက် အပြန်အလှန် ရေးထားတဲ့စာတွေ အပြည့်ပါပဲ။ စာရွက်တွေက အခုခေတ်လို အထူစား မဟုတ်ပါဘူး။ ပါးပါးလေးနဲ့ အရောင်လေးတွေနဲ့ပါ။ အဲဒီပုံးကြီးကို တကူးတက ကျွန်တှောအိမ်ကို ပြန်သယ်လာပြီး အမေ့ကို ပြပြီးစလိုက်တုန်းက အမေရှက်သွားတဲ့ မျက်နှာကို ကျွန်တှောအခုထိ သတိရမိဆဲပါ။

ကျွန်တှော မွေးတဲ့အချိန်အထိ အဖေနဲ့အမေဟာ တှောတှောလေးရုန်းကန်ရပါတယ်။ အဖေက အစိုးရဝန်ထမ်း၊ အမေက ကျောင်းဆရာမ ဘဝနဲ့ မိသားစု ဘဝတစ်ခုကို ခက်ခက်ခဲခဲ ဖြတ်ကျှောခဲ့ ကြရတယ်။ ကျွန်တှော့ အကိုနဲ့ အမဟာလည်း သူတို့နဲ့အတူ ဘဝရဲ့ အခက်ခဲဆုံးသော အချိန်ကာလတွေကို ရင်ဆိုင်ခဲ့ရတယ်။ တခါတလေ အကိုက သူတို့ငယ်ငယ်က အကြောင်းတွေကို ဆွေးဆွေးမြေ့မြေ့ ပြန်ပြောပြတဲ့အခါ ကျွန်တှော သူတို့ကို အရမ်း စာနာမိပါတယ်။ ပန်းတွေခူးပြီး ရောင်းခဲ့ရတဲ့အမေ၊ မုန့်လေးတွေလုပ်ပြီး ရောင်းခဲ့ရတဲ့အမေ၊ ကျောင်းမှာ ဈေးရောင်းခဲ့ကြရတဲ့ ကျွန်တှော့ မောင်နှမတွေ။ ကျွန်တှောဟာ ဘာလို့များသူတို့နဲ့အတူ ရင်မဆိုင် ခဲ့ရတာပါလဲ။ ကံကောင်းလို့ လို့များဆိုခဲ့ရင်တော့ ကျွန်တှော အဲဒီအခြေအနေမျိုးမှာ ကံမကောင်းချင်ပါဘူး။ ကျွန်တှောလည်း သူတို့နဲ့အတူ ဘဝရဲ့အခက်ခဲဆုံး အချိန်တွေကို ဖြတ်ကျှောချင် မိပါတယ်။ အလင်းရောင် မရှိတရှိ ဖန်မီးအိမ်လေးတွေရဲ့ကြားမှာ အဖေနဲ့အမေဟာ ကျွန်တှောတို့ နောင်ရေးအတွက် အများကြီး ပင်ပန်းဆင်းရဲ ခဲ့မှာပါပဲ။ ဒီဖန်မီးအိမ် လေးတွေရဲ့ကြားမှာ ကျွန်တှော့အကိုနဲ့အမဟာ စာကျက်ခဲ့ရမှာပဲ။ ဆင်းရဲတာဟာ သိပ်ကြောက်စရာကောင်းတယ် သားတဲ့။ သူတို့ ကျွန်တှော့ကိုပြောဖူးတယ်။ ဒီလို အခြေအနေ မျိုးတွေထဲမှာ အမေကျခဲ့တဲ့ မျက်ရည်စက်တွေ ဘယ်လောက်တောင် များခဲ့မလဲ။ အဖေ စိတ်မကောင်း ဖြစ်ခဲ့ရမယ့် ညတွေ ဘယ်လောက်တောင် များခဲ့မလဲ၊ ကျွန်တှော့ မောင်နှမတွေ အားငယ် ခဲ့ရမယ့်ရက်တွေ ဘယ်လောက်တောင် များခဲ့မလဲ။ ကျွန်တှောလည်း အတူတကွ ရင်ဆိုင်ချင်ပါတယ် အမေ။ မဖြစ်နိုင်တဲ့ အရာပေမယ့် ဒီမိသားစု လေးနဲ့အတူ ကျွန်တှော အဲဒီဘဝကို မဖြတ်သန်းခဲ့ ရတာကိုတော့ ကျွန်တှော ဝမ်းနည်းလို့မဆုံးပါဘူး။

ကျွန်တှောမွေးတဲ့နှစ်မှာ အဖေဟာ အမေရိကားကို အလုပ်နဲ့ သွားရတယ်။ အဖေမရှိဘဲ အမေဘယ်လို ဖြတ်သန်းခဲ့ရသလဲ။ ပိုက်ဆံမရှိလို့ အမေငိုခဲ့ရတဲ့ ရက်တွေအကြောင်း ကျွန်တှောရင်နာနာနဲ့ နားထောင်ဖူးပါတယ်။ အဖေလည်း နိုင်ငံခြားမှာ ပိုက်ဆံကို ခြစ်ကုတ် စုခဲ့ရတယ်။ အဖေ့ရဲ့ နေ့စဉ် အတွေးတွေထဲမှာ မိသားစုအတွက် ၊ နောင်ရေးအတွက် ဆိုတာ အမြဲရှိနေခဲ့မှာပဲ။ အမေ့ အတွေးတွေထဲမှာလည်း အားငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ အမြဲရှိနေခဲ့မှာပဲ။ ကျေးဇူးတင်မိပါတယ်။ ဒီဒုကဿခတွေ ကြားကနေ အဖေနဲ့အမေဟာ ကျွန်တှောနဲ့ ကျွန်တှောတို့ မောင်နှမတွေကို ကောင်းမွန်စွာ ရှင်သန်လူလား မြောက်စေခဲ့တယ်။

အပိုင်း (၂)ကို ဒီနေရာမှာ ဖတ်ပါ [Click]

No comments: