Monday, April 10, 2006

Mother and Family - အေမနဲ့ မိသားစု ၂

Mother and Family - အေမနဲ့ မိသားစု ၂

အေမက တကဿကသိုလ္ကို သမိုင်းအဓိကနဲ့ ကျောင်းပြီးတဲ့အချိန် ဆရာမ လုပ်နေရင်းက အဖေနဲ့ အကြောင်းပါ ပါတယ်။ အမေက စာတှောပါတယ်။ အဖေနဲ့အမေက ငယ်စဉ်တုန်း ကတည်းက စာပြိုင်ဘက်တွေ လို့ အမေ မကြာခဏ ပြောဖူးတယ်။ ဂတန်းနှစ် စကောလားရှစ်အတွက် ပဲခူးတိုင်းရဲ့ နယ်မြို့လေး တစ်မြို့စီကနေ အဖေနဲ့အမေတို့ စာစီစာကုံး ပြိုင်ကြတဲ့အခါ အဖေက ပဲခူးခရိုင် တစ်ခုလုံးမှာ ပထမရတော့၊ အဖေ ပထမရတဲ့ အကြောင်းနဲ့ အဖေ့ဓါတ်ပုံပါတဲ့ သတင်းစာ ဖြတ်ပိုင်းလေးကို အမေသိမ်းထားခဲ့တာ ဒီနေ့ထက်ထိ ရှိနေပါသေးတယ်။

အမေနဲ့ အဖေဘက်က ကျွန်တှောတို့ အဖိုးနှစ်ယောက်စလုံးက ကျောင်းအုပ် ဆရာကြီးတွေပဲ ဖြစ်ပါတယ်။ အင်မတန်မှလည်း ရိုးသားကြပါတယ်။ ကျွန်တှောတို့ အဲဒီနယ်တွေဘက်ကို သွားတဲ့အခါ ဒါဆရာကြီး မြေးတွေပေါ့လို့ ပြောရင် အင်မတန်ကို လှိုက်လှိုက်လှဲလှဲ ရှိလှပါတယ်။ အဖေတို့မှာ ညီအစ်ကို ချည်းပဲ ၅ယောက်ပါ။ အဖေတို့ငယ်စဉ်က အတှောလေး ချို့တဲ့ပါတယ်။ တစ်ခါတလေ အဖေက သူတို့ငယ်စဉ်က အကြောင်းတွေကို မှတ်မှတ်ရရ ပြောပြတတ်ပါတယ်။ အိမ်နဲ့ လေးမိုင်လောက် ဝေးတဲ့နေရာကို ညီအစ်ကိုတတွေ အလှည့်ကျ ရေသွားခပ် ရတဲ့အကြောင်း၊ စာမေးပွဲ ဖြေဖို့ တစ်လုံးထဲ ရှိတဲ့ အဖိုးရဲ့ နာရီလေးကို ညီအစ်ကိုတတွေ အလှည့်ကျ ပတ်ရတဲ့ အကြောင်း၊ ညီအစ်ကို အချင်းချင်း ချစ်ကြတဲ့ အကြောင်းတွေ စုံနေလို့ပါပဲ။ အဖေဟာ ဒီဘဝကနေ ရုန်းရင်းကန်ရင်း ကျွန်တှော့ကို သာမကပဲ မိသားစု တစ်စုလုံးကိုပါ ဘဝအဆင့်အတန်း မြင့်မားလာအောင် ကြိုးစားနိုင်ခဲ့တယ်။ ကျွန်တှောက အဖေ့ကို အားကျပါတယ်။ အဖေ့လို ဘဝတစ်ခုလုံးစာ အချိန်တွေ ပေးပြီး သားသမီး မြေးမြစ်တွေ အတွက် ကြိုးစားချင်တယ်။ ဒါပေမယ့် ကျွန်တှော ဖြစ်မလာခဲ့ပါဘူး။

အမေတို့ကတော့ ငယ်စဉ်က ပိုက်ဆံ အတန်ငယ် ရှိပါတယ်။ အဖိုးက ကျောင်းဆရာပေမယ့် အဖွားကလည်း စီးပွားရေး လုပ်တဲ့အတွက် စစ်ကြီးဖြစ်တဲ့အထိ ချောင်ချောင် လည်လည် ရှိခဲ့ပါတယ်။ အဖွား အမြဲပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဂျပန်တွေက ကောင်းတယ် သားရဲ့ တဲ့။ ဂျပန်ခေတ်မှာ အဖိုးကို ဂျပန်တွေက မြန်မာစာ သင်ခိုင်းပါသတဲ့။ အဲဒီအတွက် သူတို့က အဖိုးကို လေးစားပါတယ်။ အဖွားကိုလည်း ချစ်ကြပါတယ်။ ကောင်းကောင်း မွန်မွန်လည်း ဆက်ဆံကြပါသတဲ့။ ဟဲ့ သူတို့က ပုစွန်ခြောက်ဆို ရေနွေးဖျောပြီး အရည်ကိုပဲ ယူတာ၊ ကျန်တာတွေအကုန် လွှတ်ပစ်တာဟဲ့။ အဲဒါ ငါတို့က မလွှင့်ပစ်ပါနဲ့လို့ ပြောပြီး ပြန်အခြောက် လှန်းတာပေါ့၊ ဂျပန်ခေတ် တခေတ်လုံးကတော့ အဲဒီဘက်မှာ ပုစွန်ခြောက်ဆိုတာ မမြင်ချင်မှ အဆုံးပဲ ဆိုတာ အဖွားပြောနေကျ စကားပါ။ ကျွန်တှောတို့ အဖွားကို စချင်တဲ့အခါ အဖွားက ဂျပန် အလိုတှောရိပဲလို့ ပြောရင် အင်မတန်မှ စိတ်ဆိုးပါတယ်။ သူတို့ဘက်က ဂျပန်တွေက မဟုတ်မမှန်တာ ဘာမှ မလုပ်ဘူးလို့လည်း ပြောပါသေးတယ်။ ဂျပန်တွေ မကောင်းကြောင်းများ ပြောမိရင် အဖွားက အဲဒီအထဲမှာ သူတို့အရပ်က ဂျပန်တွေ မပါဘူးဆိုတာ အတင်း ငြင်းနေကြပါပဲ။ စစ်ကြီးဖြစ်တော့ အဖွားတို့လည်း စစ်ဒဏ် လွတ်ရာကို ပြေးရင်း ပစဿစည်းဥစဿစာတွေ အားလုံးနီးပါး ဆုံးပါးခဲ့ ရပါတယ်။ အဖွားက စိတ်ကြီးပါတယ်။ အဖိုးကတော့ အရမ်းကို အေးဆေး တည်ငြိမ်ပါတယ်။ အမေက အဖိုးနဲ့တူပါတယ်။ ဒါပေမယ့် တခါတလေတော့လည်း အဖွားလို စိတ်နဲနဲ ဆိုးတတ်ပါတယ်။


ဆက်လက်ဖတ်ရှုပါရန်။
အပိုင်း (၁)ကို ဒီနေရာမှာ ဖတ်ပါ [Click]


No comments: