Thursday, April 20, 2006

Mother and Family - အမေနဲ့ မိသားစု ၎

Mother and Family - အမေနဲ့ မိသားစု ၎

ကျွန်တှော ၁ နှစ်သားလောက်မှာ ကျွန်တှောတို့မိသားစု မိတဿထီလာဆိုတဲ့ တမာရနံ့ ထနောင်းရနံ့တွေသင်းနေတဲ့ လှပတဲ့မြို့ကလေးကို ပြောင်းရတယ်။ ကျွန်တှော တခါတခါ ငယ်ငယ်က အဖြစ်အပျက်လေး တွေကို ထူးထူးဆန်းဆန်း ပြန်ပြန်ပြီး သတိရနေ တတ်တယ်။ အဖေက အမေ့ကို စက်ဘီးလေးနဲ့တင်ပြီး ဈေးကိုသွားတဲ့အခါ ကျွန်တှောက ရှေ့လက်တန်းမှာ ထိုင်လို့ပေါ့။ စိုင်းထီးဆိုင်ရဲ့ စက်ဘီးသီချင်းလေးကို အဖေအမြဲ ဆိုတတ်တာလည်း ကျွန်တှော မှတ်မိနေ ပါသေးတယ်။ ကျွန်တှော့အကိုနဲ့ကျွန်တှောက အသက် ၈ နှစ်ကွာပြီးတော့ အမနဲ့က ၆ နှစ်ကွာပါတယ်။ ကျွန်တှော့ကို သူတို့နှစ်ယောက် ထိန်းကြရတယ်။ သူတို့က ကျွန်တှော့ကို သိပ်ချစ်ကြပါတယ်။ သူတို့ ကစားတဲ့နောက်ကို ကုန်းပိုးပြီး ခှေါခှေါသွားကြတယ်။ ငယ်ငယ်က မောင်နှမတွေစုပြီး အသံလေးတွေ အခွေလေး ရှိတယ်။ အဲဒီတုန်းက ကျွန်တှောတို့ အိမ်မှာ လိုက်နေတဲ့ အမျိုးတွေ အများကြီးပါပဲ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးလေးတွေ အကိုဝမ်းကွဲ တွေရဲ့ အသံတွေလည်း သွင်းကြတယ်။ အကိုက သူ့ကိုယ်သူ ပိုင်ပိုင် လို့ ပြောတတ်တယ်။ အမကတော့ ငုံငုံတဲ့။ သူတို့ကဗျာလေးတွေ ရွတ်ကြတယ်။ ကျွန်တှောကတော့ ဟိုအှော ဒီအှောပေါ့။ အဲဒီ အသံသွင်းထားတဲ့ အခွေကို နားထောင်မိတိုင်း ကျွန်တှောဟာ လှိုက်လှိုက်လှဲလှဲ မျက်ရည် လည်ရတယ်။ ဘာလို့လည်းလို့မေးရင် ကျွန်တှောဖြေနိုင်မှာ မဟုတ်ပါဘူး။ ဝမ်းနည်းလို့တော့ မဟုတ်ဘူး။ ကလေးဘဝက ကျွန်တှောတို့ရဲ့ ဖြူစဉ်မှုလေးတွေ ချစ်ခင်မှုလေးတွေကို သတိရမိလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမဟာ ကျွန်တှော့ကို ထမ်းထမ်းပြီး ပြေးတမ်းလိုက်တမ်း ကစားရတယ်။ အကိုက သူသွားလေရာတိုင်း ပုခုံးပှေါတင်ပြီး ခှေါသွားတယ်။ ကျွန်တှောဟာ အဲဒီအချိန်လေးတွေကို မျက်လုံးထဲမှာ ခဏခဏ မြင်မြင်နေတတ်တယ်။ အမေကတော့ အဖေပြောင်းတဲ့ အရပ်ကို လိုက်နိုင်အောင်ဆိုပြီး ဆရာမအလုပ်ကနေ ထွက်လိုက်တယ်။ အဖေ နိုင်ငံခြားလေး သွားလိုက်ရတော့ ကျွန်တှောတို့ မိသားစု အခြေအနေလေးက အရင်ကလိုတော့ အဆိုးကြီး မဟုတ်တော့ပါဘူး။ ပိုင်ဆိုင်စရာ ပစဿစည်းလေးတွေ နည်းနည်းတိုးပွားလာတယ်။ စက်ဘီးလေးတစ်စင်းရယ်၊ သိပ်လိမ်မာတဲ့ နွားကြီး နှစ်ကောင်ရယ်၊ ဆန်ညို ကက်ဆက်ကလေးရယ်၊ ကင်မရာလေးတစ်လုံးရယ်၊ နောက်တော့ရော...။ ဒါပါပဲ။ ဪ အဲဒီအချိန်အထိ ကျွန်တှော့အကိုဟာ မိကျောင်း စက်ဘီးလေး နင်းပြီးတော့ နွားနို့သွားပို့ရဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကျွန်တှောလေးနှစ်သားမှာ ကျွန်တှော့ကို မူကြိုပို့ဖို့ လုပ်ကြတယ်။ ကျွန်တှောမှတ်မိနေတာက ကျွန်တှော ကျောင်းသွားရတာကို အရမ်းရှက်နေတာပါပဲ။ ပထမဆုံး ကျောင်းအပ်အပ်ပြီးချင်း အမေက ကျွန်တှော့ကို ထားလို့ ပြန်သွားခဲ့တယ်။ ဆရာမလေးက ကျွန်တှော့ကို သား လို့ခှေါလိုက်တဲ့အချိန်ကစပြီး ကျွန်တှော ငိုပါတော့တယ်။ ကျွန်တှော့အသိစိတ်ထဲမှာ ကျွန်တှော့အမေ မဟုတ်ဘဲနဲ့ ကျွန်တှော့ကို သားလို့ခှေါတာကို ဘယ်လိုမှ မခံနိုင် ဖြစ်နေတာပါပဲ။ ထမင်းစားချိန်ရောက်တော့လည်း ကျွန်တော့ကို ခွံကျွေးကြတာကို ကျွန်တှော ဘယ်လိုမှ မခံနိုင်ပါဘူး။ အဲဒါနဲ့ နောက်တစ်နေ့ ကျောင်းသွားမယ်ဆိုတော့ ကျွန်တှော အပြင်းအထန် ငြင်းဆန်ပါတော့တယ်။ မျက်ရည် လည်ရွဲနဲ့ ကျောင်းမတက်ချင်တဲ့ ကျွန်တှော့ကို အဖေကသနားသွားတယ် ထင်ပါရဲ့။ ကျွန်တှော မူကြို မတက်ရတော့ဘူး။ ကျွန်တှော့ သူငယ်ချင်းတွေကတော့ ကျောင်းဝတ်စုံလေးတွေ ကိုယ်စီနဲ့ ကျောင်းသွားလို့ပေါ့။

အပိုင်း(၃)ကို ဒီနေရာမှာ ဖတ်ပါ [Click]

No comments: