Sunday, April 2, 2006

HtooEainThin.Com


မနေ့က HtooEainThin.Com ကိုတည်ထောင်သူ ကိုဖိုးသားနဲ့ သူငယ်ချင်းတွေက ကျွန်တှော့ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခှေါပါတယ်။ အလွန်တရာ ဝမ်းသာပါတယ်။ ကိုထူးအိမ်သင်ဟာ ကျွန်တှော အကြိုက်ဆုံး အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ဂီတလောကကို ဝင်လာချိန်ကစပြီး ကိုယ်ပိုင်ဂီတ အများဆုံးကိုသာ သီဆိုခဲ့သူပါ။ သူကွယ်လွန် သွားတာဟာ အနုပညာ လောကအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။ ဒီဝဘ်ဆိုဒ်လေးကို သူ့ကို ချစ်ကြတဲ့ လူငယ်တစ်စုက ကိုယ်ပိုင် တည်ထောင်ထားတာပါ။ ကျွန်တှောကလည်း ဒီလို အကျိုးမမျှောကိုးတဲ့ အဖွဲ့အစည်းတွေနဲ့သာ လက်တွဲချင်တာပါ။ ဒါမှလည်း ကိုငှက်လို ပိုက်ဆံ မျက်နှာ တစ်ခုတည်းကို မကြည့်တတ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ သရုပ်ကို ပိုမို ပီပြင်စေမှာပါ။ ဒီဆိုဒ်လေးကို ပုဂံဖိုရမ်နဲ့ နေ့တစ်မြန်မာ ဖိုရမ်က လူငယ်တစ်စုက ငွေအား လူအား ပညာအားနဲ့ တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ အခုလို ပါဝင်ကူညီခွင့် ရတာအတွက် အလွန်ဝမ်းသာမိတယ် ဆိုတာကို ဒီနေရာကနေ ပြောကြားပါရစေ။

အောက်က ပုံကတော့ ကိုထူးအိမ်သင် ဝဘ်ဆိုဒ်က ဝေါလ်ပေပါ ကဏဿဍလေးအတွက် ကျွန်တှော လုပ်ထားတဲ့ ဒီဇိုင်း တစ်ခု ဖြစ်ပါတယ်။ ကိုထူးအိမ်သင်ရဲ့ ဓါတ်ပုံ သတင်းစာ ကဗျာ အမှတ်တရ တစ်ခုခု ရှိသူတွေ ကျွန်တှောတို့ ဆီကို ပို့ပေးပါလို့ မေတဿတာရပ်ခံ ချင်ပါတယ်။ ဒီဝဘ်ဆိုဒ်ကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစုံလင်လင် ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အားလုံး ပူးပေါင်း ပါဝင်ကူညီကြပါဦး။ ဒီပုံလေးဟာ ကိုထူးအိမ်သင်ရဲ့ မြို့ပြညများ သီချင်းကို ခံစားပြီး လုပ်ထားတာပါ။ ကျွန်တှောအကြိုက်ဆုံး သီချင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဆိုဒ်ကြီး ကူးလိုသူတွေ ဝဘ်ဆိုဒ်မှာ ကူးယူနိုင်ပါတယ်။





Tags : Htoo Eain Thin , Myanmar Artist , Website

No comments: