Friday, April 7, 2006

နတ်သျှင်နောင် သစဿစာဖောက်မဖောက်

သမိုင်းဆရာ၊ စာရေးဆရာ များက နတ်သျှင်နောင်ကို တိုင်းပြည် သစဿစာဖောက်သူဟု ယူဆကြသည်။ ကျွန်တှောတို့က လက်မခံ။ ပြည်သူကို သစဿစာဖောက်သူသာ သစဿစာဖောက်ဟု ယူဆသည်။ ပဒေသရာဇ် ခေတ်တွင် မင်းဧကရာဇ်ကို လက်အောက်ခံ မင်းတစ်ပါးက ဆန့်ကျင်ခြင်းကို သစဿစာဖောက်ဟု ရာဇဝင် တှောတှောများများက သတ်မှတ်ကြသည်။

ဒဂုန်တာရာ၊ ရနံ့သစ်မဂဿဂဇင်း၊ အမှတ် ၂၅၊ စာ ၁၂၄-၁၂၇၊ ၁၉၉၄ စက်တင်ဘာ။


စင်စစ်အားဖြင့် သမုဒယနယ်ချဲ့သည့် ရတုကဗျာအနွဲ့ နတ်သျှင်နောင်သည် သူ၏ ဘဝအခြေအနေက ပြည်မြန်မာတွင် မနေသာ၍ ပွေကာနောင့်မိသည့် အဖြစ်ကြောင့် သူ့အား သေရာမှ ခြေလာဆောင့်သည်ကို အောင့်သီးအောင့်သက် ရှက်စဖွယ်ရာ ရာဇဝင်ဆရာတို့က မညှာမတာ ရေးခဲ့ခြင်း ခံရလေတော့သည်။

မြကေတု။ မြဝတီ မဂဿဂဇင်း အတွဲ ၄၊ အမှတ် ၁၀၊ စာ ၁၇၂-၁၈၁၊ ၁၉၅၆ ဩဂုတ်လ။


ဆရာကြီး မြကေတုနှင့် ဒဂုန်တာရာတို့၏ နတ်သျှင်နောင် သစဿစာမဖောက်ဟူသော သက်သေ အထောက်အထားများသည် သမိုင်းပညာရှင် ရှုထောင့်မှ ကြည့်သှော ခိုင်မာမှု မရှိသေးပါ။ ဆရာကြီး မြကေတုသည် မြန်မာစာပေ ရှုထောင့်မှ အလေးပေး၍ စာဆိုတှော နတ်သျှင်နောင်အား သုံးသပ်ခဲ့ရာ ပုဂဿဂိုလ်ရေး ချစ်ခင်ကြည်ညိုမှု ရှိနိုင်ခြင်း၊ တောင်ငူဟူသော ဒေသစွဲ ရှိနိုင်ခြင်းတို့သည် မြကေတု၏ အဆိုကို အားနည်းစေသည်။ ထို့အတူ ဒဂုန်တာရာသည်လည်း နတ်သျှင်နောင် ဩဇာ အထူးလွှမ်းမိုးခံရသော ကဗျာစာဆို ဖြစ်နေသောကြောင့် စဉ်းစားဖွယ်ရာ ရှိပါသည်။

မောင်ဇေယျာ။ စာပေသမိုင်း ပုဂဿဂိုလ်ရေး အတွေးအမြင်များ၊ စာ ၁၃၅-၁၄၂။


Tags: Myanmar Book Review , Nat Shin Naung , Knowledge

No comments: