Saturday, April 29, 2006

စိတ်

တစ်ခါတုန်းက ရဟန်းနှစ်ပါးဟာ ခရီးတစ်ခုက ပြန်လာပြီး ချောင်းတစ်ခုကို ကူးမယ် အလုပ်မှာ ချောင်းကူးဖို့ရာ အခက်အခဲ ဖြစ်နေတဲ့ အမျိုးသမီး တစ်ဦးကို တွေ့တယ်။ ရေစီးကလည်းသန်၊ ကြောက်ကလည်း ကြောက်မို့ အမျိုးသမီးဟာ တစ်ဖက်ကမ်းကို ဖြတ်မကူးရဲဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီ အထဲက ရဟန်းတစ်ပါးက အမျိုးသမီးကို ချီမပြီး ချောင်းတစ်ဖက်ကမ်းကို ပို့ပေးခဲ့တယ်။ တစ်ဖက်ကမ်း ရောက်တာနဲ့ အဲဒီ အမျိုးသမီးကို ချပြီး သီတင်းသုံးရာ ကျောင်းတှောကို ပြန်သွားခဲ့တယ်။ ကျန်ရဟန်းတစ်ပါးဟာ အဲဒီကိစဿစကို စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေတယ်။ ရဟန်းတှောဟာ မာတုဂါမကို မထိတွေ့ကောင်းဘူးလို့ သူ့စိတ်မှာ ပြောနေမိတယ်။ နောက်ဆုံးမှာ သူဟာ သူ့ရဲ့ သီတင်း သုံးဖှောရဟန်းတွေကို အဲဒီကိစဿစ အကြောင်း ဖွင့်ပြောတဲ့အခါ ဘုရားရှင်နားကို ပေါက်ကြားပါသတဲ့။ အဲဒါနဲ့ ဘုရားရှင်ဟာ အဲဒီ ရဟန်းတှော နှစ်ပါးကို ခှေါပြီးမေးတှော မူပါတယ်။ အဲဒီအခါ ရဟန်းတှောက သူ အမျိုးသမီး တစ်ဦးကို မြစ်တစ်ဖက်ကမ်းကို သယ်ပို့ပေးခဲ့ကြောင်း ဝန်ခံပါတယ်။ ထို့အတူပဲ အဲဒီ အမျိုးသမီးကိုလည်း မြစ်တစ်ဖက်ကမ်းမှာ အပြီးတိုင် ချထားပြီး ချန်ရစ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒုတိယ ရဟန်းတှောကသာ အဲဒီအမျိုးသမီးကို ယခုချိန်အထိ သယ်ယူလာသူ ဖြစ်ကြောင်း ပြန်လည် ပြောကြားပါတယ်။ အဲဒီအခါမှ ဒုတိယ ရဟန်းတှောဟာ မိမိအမှားကို ဝန်ခံပါတယ်တဲ့။

အလွန် လေးနက်တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။ ကျွန်တှော အလွန်နှစ်သက်တဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ ကျွန်တှောတို့တွေက ပထမ ရဟန်းတှောနဲ့ တူသလား၊ ဒုတိယ ရဟန်းတှောနဲ့ တူသလား စမ်းစစ် ကြည့်သင့်ပါတယ်။ ဖတ်ခဲ့ဖူးတာ ကြာပြီ ဖြစ်လို့ အတိအကျ မညွှန်းနိုင်တာ ခွင့်လွှတ်စေလိုပါတယ်။


Tags : Buddha , Knowledge

No comments: