Wednesday, April 19, 2006

သကဿငသဿသသို့ ထူးမျခား နတ်မြင်းပျံမို့ မြူးကြွားကြွား


သကဿငသဿသကို သြားဖို့ လက်မှတ် သွားဝယ်တော့ ကိုယ်တွေက နိုင်ငံခြားသားမို့ လွယ်လွယ်ကူကူ ဝယ်လို့ ရလိုက်တယ်။ ရထားထွက်မယ့် အချိန်က ည၁၁နာရီခွဲတဲ့။ ဘူတာနဲ့ အိမ်နဲ့က အတှောလေး လှမ်းတာမို့ ၉နာရီခွဲလောက် မှာ ထွက်ဖြစ်တယ်။ ကုလားဘူတာဆိုတော့ သိတဲ့ အတိုင်း လူတွေက ရှုပ်ရှက်ခတ်နေတာပဲ။ ၁၁ခွဲတော့ ရထား နောက်ကျမယ်တဲ့။ သေရောပဲ။ ထိုင်စရာ နေရာကမရှိ။ ဝရုန်းသုန်းကား အိပ်နေကြတဲ့ သူတွေကလုံး အပုံအပင်။ ဒါနဲ့ မထူးဘူးဆိုပြီး စကြဿငန်လမ်းမှာပဲ ထိုင်စောင့် နေလိုက်တယ်။ အင်ကွာရီကို သွားမေးတော့ ည ၁နာရီခွဲမှတဲ့။ စကားစမြည်ပြောရင်း ၁ နာရီ ခွဲတော့ ရထားထွက်မယ့် ပလက်ဖောင်းကို သွားရတယ်။ မဟုတ်သေးဘူး ၂ နာရီ ခွဲမှတဲ့။ အနံ့တွေကလည်း မကောင်းတော့ ခုနက နေရာလေးကို ပြန်လာ ထိုင်စောင့်ရုံပေါ့။ ရထား လွတ်သွားမှာ စိုးလို့ ပလက်ဖောင်းနဲ့ စကြဿငန်လမ်းကို ကုန်းတံတားကျှောပြီး ကူးနေရတာ ခြေထောက်တွေလည်း ညောင်းရောပဲ။ နောက်ဆုံး ရထားထွက်တဲ့ အချိန်က ၄ နာရီ ထိုးခါနီးပြီ။

ကိုယ်တွေ ရတဲ့ အတန်းက အိပ်စင် ဒုတိယတန်း။ လူခြောက်ယောက် ရှိတယ်။ ကိုယ့်အဖွဲ့က လေးယောက်ထဲရယ်။ ကုလား နှစ်ယောက်က ကိုးလို့ကန့်လန့်နဲ့။ အိပ္မေပ်ာှပါဘူး။ လူတွေတော့ သိပ်မကျပ်ဘူး။ ရထားက ထွက်တာ နောက်ကျတော့ ဟိုက မြန်မာဘုန်းတှောကြီးက ကားနဲ့ လာကြိုနေရတာ တှောတှောလေး အားနာဖို့ကောင်းတယ်။ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက်။ ပတ်ဝန်းကျင်က တကယ့်အညာအတိုင်းပဲ။ တမာပင်တွေရော လယ်ကွင်းတွေရော။ နေပူကျဲကျဲမှာ အလုပ်လုပ်နေတဲ့ သူတွေကို တွေ့တော့ ဪ ငါ့ဘဝဟာ သူတို့တွေထက် အဆပေါင်း များစွာ သက်သာပါလားဆိုတဲ့ အသိလေး ရလိုက်တယ်။ ရထားက လမ်းဘူတာတွေမှာ ခဏခဏ ရပ်တယ်။ အထွက်နောက်ကျလို့ သူများရထားတွေကိုလည်း လမ်းဖယ်ပေးရသေးတယ်။ ဘူတာတွေကတော့ ညစ်ပတ်လိုက်တာ။ ကမဿဘာမွာ အညစ္ပတ္ဆံုးဟာ အိနဿဒိယလို့ ထင္မိတယ္။ ဒီလိုနဲ့ သကဿငသဿသကို နေ့လည် ၁၁နာရီ ၄၅ မှာ ရောက်သွားတယ်။ အတူပါလာတဲ့ ဘုန်းဘုန်းလည်း ဆွမ်းအတွက် ေတာှေတာှေလး ဒုကဿခေရာက္သြားတယ္။

ဘူတာကေန သကဿငသဿသျမန္မာ ကျောင်းကို ၁ နာရီ ခွဲလောက် ကားနဲ့ သွားရတယ်။ မောင်းလိုက်တဲ့ ကုလားကားသမား။ ဂျိမ်စ်းဘွန်းလား ထင်ရတယ်။ လမ်းကတော့ ကောင်းပါတယ်။ ကျောင်းထိုင်ဆရာတှောက ကားလွှတ်ပေးလို့ တှောသေးတယ်။ နို့မိုဆို ဒီလမ်းကို လိုင်းကားတွေ နဲ့သာ သွားရရင် မလွယ်ဘူး။ နောက်ဆုံး ရွာလေးတွေ များစွာကို ဖြတ်ပြီး မြန်မာကျောင်းတိုက်ကို ရောက်လာတယ်။ သကဿငသဿသ ျမန္မာ ကျောင်းတိုက်ဟာ အတှောလေး ကျယ်ဝန်းတယ်။ အဆောက်အအုံ တွေကလည်း အတှော ကောင်းမွန်ပါတယ်။ ဒီအနီးအနား တဝိုက်မှာ ဗုဒဿဓဘာသာ ကျောင်းဆိုလို့ သီရိလကဿငာကျောင်းတိုက်ရယ် မြန်မာ ကျောင်းတိုက်ရယ်ပဲ ရှိသေးတယ်။ ကုလားဘုန်းတှောကြီးတွေလည်း ရှိသတဲ့။ ဒါပေမယ့် သူတို့က အလှူခံရရင် အဲဒီငွေကို မိသားစုကို ပေးကြလို့ တှောရုံ သူတို့ကိုဆို သူများတွေ မလှူချင်ကြဘူးလို့ သိရပါတယ်။ မြန်မာ ကျောင်းတိုက်က ဘုရားရှင် ခြေတှောရာ ချတဲ့ နေရာနဲ့ သိပ်မဝေးလှပါဘူး။ ဒီလိုနဲ့ နေ့လည် ၂ နာရီလောက်မှာ နေ့လည်စာ စားဖြစ်ပါတယ်။ ဗိုက်ဆာဆာနဲ့ တုပ်လိုက်တာ ထမင်း ၂ ပန်းကန်။


Tags : Diary

No comments: