Saturday, April 29, 2006

ပန်းပွင့်ရဲ့သီချင်း

ပန်းပွင့်ရဲ့သီချင်း


ရနံ့ တိုးတိုးနဲ့ ဖွင့်လိုက်ပေမယ့်
နေရောင်ခြည်က ကြားသွားပြီးပြီ
ရေပှေါလွှတ်တင်လိုက်တဲ့
ပုံရိပ်တွေလို
တစ်ခါတုန်းက .. ဆိုတာတွေ
ခြေရာလက်ရာ မကျန်ရစ်အောင်
ပျောက် ရှ သွား
ပျောက် ရှ လို့ သွား

ကျွန်တှော နဲ့
ကတိကဝတ်များ၊ ပြတိုက်များ
ဓါးသွားတွေ ရင်ဘတ်ထဲပြန်မစိုက်ဝင်မီအထိ
သူဟာ အေးစက်စွာ ပြုံးနေလိမ့်မယ်
သီချင်းတစ်ပုဒ်လိုပါ
နှလုံးသားထဲစိုက်ဝင်နေတဲ့အခါ
သင်တို့
ဘယ်တော့မှ ရှာဖွေတွေ့ရှိနိုင်တော့မှာ မဟုတ်ဘူး


DL ရဲ့မွေးနေ့လက်ဆောင် ကဗျာ
Tags : Death Lock , Poem , Friend

No comments: