Wednesday, April 26, 2006

လူငယ်နှင့်မြို့ရိုး ၁

နိဒါန်း

လူငယ်= အရာတှောတှောများများကိုသိနေပြီဟုထင်ပြီး မသိသေးသူ။
မြို့ရိုး= မြို့ကိုကာရံထားသောအရာ။
လူငယ်နှင့်မြို့ရိုး= အောက်တွင်ဆက်လက်ဖတ်ရှုပါရန်။


မြို့ရိုးအမှတ်(၁)


လူငယ်တစ်ယောက်သည်ကောင်းကင်ကိုမော့ကြည့်ရင်း အရာရာကိုမေ့လျော့နေ၏။ သူ့တွင် သင်ခန်းစာမရှိ၊ စာသင်ခန်းမရှိ ၊ ဆရာမရှိ ၊ ပိုက်ဆံ လုံလုံလောက်လောက် ဘယ်တော့မှမရှိ ၊ လမ်းညွှန်တိုင်များကို ဘယ်သောအခါမှ မယုံကြည် ၊ သူ့ဘဝတွင် သူသာ ဘုရင်ဖြစ်ပြီး နန်းတှောများစွာကို တည်ဆောက်ချင်နေသူ ဖြစ်သည်။ သို့သှော သူသည် မြို့ရိုးကိုတော့ မေ့လျော့နေခဲ့သည်။

သူ့ငယ်ဘဝ နန်းတှော၏ မြို့ရိုးကို ပထမဆုံး တည်ဆောက်ပေးခဲ့သူက သူ၏မေမေပဲ ဖြစ်သည်။

သူ့တွင်ဖခင်မရှိခဲ့ပါ။ သူငယ်ငယ်ကပင် ယနေ့တိုင် ဝေခွဲမရသော အကြောင်းအရာများနှင့် ပတ်သတ်ကာ သူတို့နှင့် ဝေးကွာသွားခဲ့သည်။ မေမေသည် အခက်အခဲများကြား ခါးသီးသောပတ်ဝန်းကျင်များကြားမှာ သူ့ကိုရှင်သန်စေခဲ့သည်။

ပထမဆုံး မြို့ရိုးဆိုသော စကားတစ်ခွန်းအတွက် သူ့ဆီကအဖြေမှာ လုံခြုံအေးမြခြင်း ဟူသောအဓိပဿပာယ်မှလွဲ၍ တခြားဘာမှ မရှိခဲ့ပါ။

မေမေပြောသော အိပ်ရာဝင်ပုံပြင်များမှာ အလွန်နားထောင်၍ ကောင်းသည်။ သူအသက်အရွယ် တှောတှော ကြီးရင့်သည့်တိုင် ထိုပုံပြင်များကို စာပေများတွင် လိုက်ရှာကြည့်မိသည်။ ဘယ်သောအခါမှ မတွေ့ခဲ့။ မေမေ၏ ပုံပြင်တိုင်းတွင် ကျွန်တှော့သည် မင်းသားလေးဖြစ်လိုက်၊ သူရဲကောင်း တစ်ယောက်ဖြစ်လိုက်၊ ကောင်းကင်မှာပျံဝဲလိုက်၊ ဘီလူးကြီးတွေကို သုတ်သင်လိုက်၊ မင်းသမီးလေးကို ကယ်တင်လိုက်၊ နတ်သမီးတွေ အများကြီးရှိသော တောနက်ကြီးထဲ ရောက်သွားလိုက်နှင့် ညများစွာကို ကျှောဖြတ်ခဲ့သည်။ ကျွန်တှော့အသက် ၁၀ နှစ်သားအထိ မေမေသည် ညစဉ်ညတိုင်း တစ်ရက်မှ ပုံပြောမပျက်ခဲ့ပေ။ မေမေသည် ကျွန်တှော့ကို မကျေနပ်သောအခါတိုင်း ဘယ်တော့မှ မရိုက်ခဲ့။ ထူးဆန်းသော မျက်ဝန်းတစ်မျိုးဖြင့်သာ ကြည့်သည်။ ထိုမျက်လုံးများဒဏ်ကို ကျွန်တှောမခံနိုင်ပါ။ မှတ်မှတ်ယယ မေမေသည် ကျွန်တှော့ကို ဘဝတွင် တစ်ကြိမ်သာ ရိုက်ဖူးလေသည်။ ကျွန်တှောကတော့ ကျွန်တှော ကြောက်ရွံ့သော မျက်ဝန်းများထက် ထိုသို့ ရိုက်ခြင်းကို ပိုနှစ်သက် နေမိသည်။ မေမေအလိုမကျသော အခါများ၌ မျက်လုံးနှစ်ဘက်ကို အားယူ မျက်မှောင်ကြုံ့ကာ ငါးစကဿကန့်မျှ စူးစိုက်ကြည့်ရင်း နှုတ်ခမ်းကို တစ်ဘက်ထဲ တွန့်ပြီးပြုံးလိုက်သောအခါ ကျွန်တှောသည် ကမဿဘာ့အစွန်း တစ်နေရာသို့ လွင့်စင်သွားသလို ခံစားရလေသည်။


အဖေမရှိသော သူငယ်ချင်း တစ်ယောက် အကြောင်းကို ရေးပါသည်။
Tags : Essay

No comments: