Tuesday, April 18, 2006

တာတေစနေသား

ဦးနုရေးတဲ့ တာတေ စနေသား ဆိုတဲ့ ဝတဿထုလေး ဖတ်ဖြစ်တယ်။ ဦးနုရဲ့ အထုပဿပတိ ဆိုပါတော့။ အရေးအသားကတော့ တိုက်ရိုက် စကားပြောတဲ့ဟန် အတိုင်း ဖြစ်ပါတယ်။ သူ့ငယ်ဘဝ အကြောင်းအရာ တချို့ကို ပွင့်ပွင့်လင်းလင်း ရေးထားတာ တွေ့ရတယ်။ ထုတ်ဝေသူရဲ့ ချီးမွမ်းခန်းမှာ ဒီဝတဿထုဟာ ကမဿဘာ့အကောင်းဆုံး စာအုပ် ၁၀ အုပ်မှာ ပါတယ်ဆိုလို့ တထိုင်တည်း ဖတ်ဖြစ်လိုက်တဲ့ အခါ.....။ နိုင်ငံတှော ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ တစ်ယောက်ကို ဝေဖန်ရအောင် မင်းက ဘာမို့လည်း ဆိုပြီး မေးလာစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ ကျွန်တှောက လီကွမ်းယုရဲ့ အထုပဿပတိ စာအုပ်ရယ်၊ ရွှေဥဒေါင်းရဲ့ တသက်တာ မှတ်တမ်း စာအုပ်ရယ်၊ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့် ပမာရယ်၊ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့်ရယ်၊ စသည် စသည်များနဲ့ ယှဉ်ထိုး ဝေဖန်ကြည့်တဲ့အခါ ဦးနုရဲ့ စာအုပ်ဟာ အေတာှေရွာှတာကို တွေ့ရပါတယ်။ ဦးနုဟာ မင်းတုန်းမင်းလိုပဲ နိုင်ငံရေးနဲ့ ဘာသာရေးကို ရောယှက်ခဲ့သူ တစ်ယောက်ဖြစ်နေတာ တွေ့ရပါတယ်။ ဘုရားဆု ပန်သူလို့လည်း ဆိုထား ပြန်ပါတယ်။ ဖခင်က ဗုဒဿဓအကြောင်းနဲ့ တရားတှော အချို့ ရှင်းပြပြီးချိန်မှာ ဖခင်ကို အမှူးထားပြီး ဘုရားဆု ပန်ပါသတဲ့။ ပုတီးတွေ စိပ်ပါသတဲ့။ အမှန်တရား ဘာလည်း ဆိုတာ အရင် မစဉ်းစားဘဲ အားနည်းရာ ဘက်ကို လိုက်တတ်သူလို့ သူ့ကိုယ်သူလည်း ဖွင့်ဟ ထားပါတယ်။ ကျောင်းသား သမဂဿဂမွာ ဥကဿကဌ လုပ္စဉ္က စည်းမျဉ်း စည်းကမ်းတွေကို တစ်ခါမှ မဖတ်ဖူးဘူးလို့ ဆိုပါတယ်။ ဦးနုဟာ အိနဿဒိယက နေရူးနဲ့ မဟတဿတမကြီးကို သိပ်သဘောကျပါတယ်။ သူဝန်ကြီးချုပ် ဖြစ်လာတာ အာဇာနည် ခေါင်းဆောင်ကြီးတွေ အားလုံး ကွယ်လွန်သွားလို့ ဖြစ်လာတာပါလို့ ဖွင့်ဟထားပါတယ်။ ဦးနုဟာ ဗုဒဿဓဘာသာကို နိုင်ငံတှော ဘာသာ ဖြစ်စေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ကွန်မြူနစ် အရေးကို ထိထိရောက်ရောက် ကိုင်တွယ် နိုင်ခဲ့တာတော့ မတွေ့ရပါဘူး။ အားလုံးကို ခြုံပြီး ဆိုရရင် တာတေစနေသား ဆိုတဲ့ ဦးနုရဲ့ ကိုယ်ရေး အထုပဿပတိဟာ အျခား အထုပဿပတိေတြနဲ့ ယွဉ္တဲ့အခါ ေတာှေတာှေလး အားနည်းပါသေးတယ်။ မှတ်သားစရာ အနည်းငယ်တော့ ရရှိနိုင်တယ်။ နိုင်ငံရေး သမိုင်း ဆိုတာထက်ကိုယ်ရည်သွေး ထားတဲ့ စာအုပ်လို့ပဲ ကောက်ချက် ချမိပါတယ်။

မှတ်ချက်။ အထက်က ကောက်ချက်များဟာ ဒီစာအုပ်နဲ့သာ သက်ဆိုင်ပါတယ်။

Tags : U Nu , Book Review

No comments: