Wednesday, April 19, 2006

ဘဝင်မြင့်နေတဲ့ကျွန်တှော

ပလန်းနတ်မှာ မန်ဘာ တစ်ယောက်က ကျွန်တှော့ကို ဆှောထားတာလေးပါ။ ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ။ ဖတ်ကြည့်ပါ။

ညီလင်းဆက်

ကျွန်တှော ခင်ဗျားနဲ့ ကယ်လ်မွန်ကို မီးမတိုက်ပေးပါ။ ခင်ဗျားလုပ်တာ လူကြီးမဆန်လို့ ဒီဖက်မှာ တင်ပြတာပါ။ တိရိစဿဆာန် တှောတှောများများမှာ လိင်တူ ဆက်ဆံတာ ရှိပါတယ်။ ကျွန်တှော Type ရိုက်တုန်းက ကျန်ခဲ့တာပါ။ အဲဒါနဲ့ ပတ်သတ်ပြီး ခင်ဗျား ဒီလို ပြန်ပြောလိမ့်မယ် ဆိုတာကိုလဲ ကြိုတွက်ထားပြီးသားပါ။ ကိုဝေဟန့်ကို ရည်ရွယ်တယ်ဆိုပေမယ့် ခင်ဗျားက ဒီထဲမှာ ဝင်ရေးတဲ့ လူတွေကပဲ သူ့ကို မြှောက်ပေးသလေးနဲ့ ပြောတာကို သဘောမကျလို့ ဝင်ပြောတာပါ။ တကယ်တန်း စကဿငာပူမှာ နေနိုင်ရုံလောက် ဘလော့စာလေး ဟိုရေးဒီရေး ရေးနိုင်ယုံလောက်နဲ့ သွေးနားထင် ရောက်ပြီး လူတိုင်းကို အပှေါစီးက စကားလိုက်ပြောနေတဲ့ လူတစ်ယောက်နဲ့ ဖက်ပြီး ဖြစ်ဖို့ ကျွန်တှော့မှာ အချိန်မရှိပါ။ ခင်ဗျား စာအများကြီး ဖတ်ဘူးတယ် ဆိုတာက လွဲပြီး တခြား ကိုယ့်ဂုဏ်ကိုယ် ဖှေါဖို့ နည်းလမ်းမရှိတော့ဘူးလား။ တစ်ယောက်ယောက်နဲ့ Debate ဖြစ်တိုင်း အဲဒီစကားပဲပြောပြီး တစ်ဖက်ကလူကို မတူမတန် သလိုနဲ့ Debate ထဲက ကန်ထုတ်ပစ်ဖို့ ကြိုးစားနေတာကို မြင်နေရလို့ပါ။ ခင်ဗျားက အပြောလဲ မခံနိုင်ရှာပဲကိုး။ ဒီလိုလူမျိုး ကျွန်တှော တှောတှော များများ တွေ့ဖူးပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီး နေသှောငြားလဲ ကိုယ်တကယ် အသုံးမကျဘူး ဆိုတာ သိတဲ့ အတွက် တစ်ယောက်ယောက်က ကိုယ့်ကိုဝေဖန်တာနဲ့ ရှူးရှူးရှားရှား ဖြစ်ပြီး ‘မင်းက ဘယ်လောက်သိလို့လဲ’ ဘာညာ ဆိုတဲ့ စကားတွေနဲ့ ဖြဲခြောက်ပြီး ကိုယ့်ကိုယ်ကို အကြောက်အကန် ကာကွယ်တတ်တဲ့ လူမျိုးပါ။ ထပ်ပြီးပြောမယ်နှော။ ခင်ဗျားအတွက် ကျွန်တှော့မှာ အချိန်မရှိပါ။ ခင်ဗျား ဝါးလုံးရှည်နဲ့ ရမ်းတာကို သဘောမကျလို့ ကျွန်တှော ဝင်ပြောတာပါ။ အဲလို ဘေးလူဝင်ရေးတာ သဘောမကျရင် ကိုဝေဟန့်ကို Private Message ပို့ပါ။ ဖိုရမ်ပှေါ တက်ရေးရင်တော့ ဘေးလူက ဝင်ပါမှာပဲ။ ‘ခင်ဗျား’ တွေချည်းထပ်ပြီး ပြောနေလို့ ကျွန်တှော့ကို ရိုင်းတယ်ပြောလဲ ဂရုမစိုက်ပါ။ ခင်ဗျားလိုလူမျိုး ဒီလို စကားလုံးမျိုးနဲ့ပဲ တန်ပါတယ်။

ရဲတိုက်

PS. ခင်ဗျား စာတွေအများကြီး ဖတ်တယ်ဆိုတာ သက်သေပြတဲ့ အနေနဲ့ ဟိုစာဖတ် ဒီစာဖတ်ခိုင်း လုပ်တာမျိုးကရော ကလေးမဆန်လွန်ဘူးလား။ [Link]


ဒေါသ မထွက်တဲ့အပြင် ရယ်မိနေ ပါတော့တယ်ဗျာ။ မကျေနပ်တာ ရှိရင် ဟောဒီပိုစ့်မှာ ဆက်ဖတ်ပါဗျား။ [Click]

Tags : Chaos

No comments: