Monday, April 10, 2006

သတင်းစာ ရှင်းလင်းပွဲ


မနေ့ညက မြန်မာ့ ရုပ်မြင် သံကြားကနေ သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတယ်။ မြန်မာ ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲ ဖျက်ဆီးမှုတွေ အကြောင်း၊ ဝန်ထမ်းတွေ လစာ တိုးတဲ့ကိစဿစ၊ ရန်ကုန် အင်တာနေရှင်နယ် စကူးလ် ဗုံးပေါက်တယ် ဆိုတဲ့ ကိစဿစ၊ ကောလဟလ ဖြစ်ခဲ့တဲ့ ကိုသက်နိုင်ဦးရဲ့ ဖြစ်ရပ်မှန်၊ ကေအန်င်ယူအပှေါ သဘောထား စတာတွေကို ရှင်းလင်း ပြောကြား သွားပါတယ်။

ရန်ကုန် အင်တာနေရှင်နယ် စကူးလ် ဗုံးပေါက်တာ မဟုတ်ပါဘူးတဲ့။ အမေရိကန် ကျောင်းသား နှစ်ယောက်က ဧပရယ်လ်ဖူးလ် လုပ်တဲ့ အနေနဲ့ ယမ်းတွေနဲ့ ဓါတုပစဿစည်း အချို့ကို ရောစပ်ပြီး သန့်စင်ခန်းမှာ ထားထားတာ ဖြစ်ပါတယ်။ အဲဒီက မီးခိုးထွက်နေတာကို ဆရာက မြင်ပြီး သံသယ ရှိလို့ တိုင်ကြားရာက ဒီကောလဟာလ ထွက်လာတာ ဖြစ်ပါတယ်တဲ့။ အမေရိကန်သံရုံးကလည်း ဒီသတင်းကို ထုတ်ပြန်ပေးမယ်လို့ ဆိုထားပါတယ်။

ကိုသက်နိုင်ဦး အမှု အကြောင်း ရဲချုပ် ခင်ရီ ပြောသွားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတှောလည်း ရှင်းလင်းပါတယ်။ လူတွေ မည်းမည်းမြင်တိုင်း ထိုးမဟောင်တတ်ဖို့ ၊ နိုင်ငံရေးမှာ ကိုယ်တကယ် မသိဘဲ အသုံးချ မခံရဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဝန်ထမ်းတွေ လစာတိုးတာ အစိုးရက ဘယ်ငွေနဲ့ ပေးပါသလဲ၊ ကုန်ဈေးနှုန်း လိုက်တက်စရာ ရှိပါသလား လို့ မေးတာကို ပြန်ကြားရေး ဝန်ကြီး ဖြေနေတာ ရှည်ဝေးနေပါတယ်။ အမှန်ဆို ငွေကြေးကို ခိုင်မာအောင် လုပ်ပေးမယ်လို့သာ ကတိပြုနိုင်ရင် ပြည်သူတွေ ပိုစိတ်အေး နိုင်ပါလိမ့်မယ်လို့ ထင်မိပါတယ်။ စုံစုံလင်လင် သိချင်ရင်တော့ ဒီနေ့ထုတ် သတင်းစာများကို ရယူ ဖတ်ရှုကြဖို့ အကြံပြုလိုပါတယ် ခင်ဗျား။ ဪ ရယ်စရာလေး တစ်ခု ကျန်ခဲ့လို့။ သတင်းထောက် တစ်ယောက်က ကုန်ဈေးနှုန်း မတိုးအောင် ဘယ်လို ကာကွယ်မလဲလို့ မေးတဲ့အခါ ဝန်ကြီးက စီမံကိန်းကြီးတွေ ချပြပါတယ်ခင်ဗျ။ အဲဒီအထဲမှာ မိသားစု အသုံးစရိတ် လျှော့ချရေးနဲ့ တနိုင်တပိုင် စိုက်ပျိုးရေး လုပ်ဖို့ လိုတယ်လို့ ဖြေကြား သွားကြောင်းပါ ခင်ဗျား။


Tags : News

No comments: