Saturday, April 8, 2006

အမေ နဲ့ မိသားစု ၁

အမေ နဲ့ မိသားစု


အမေဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာနဲ့ ကျွန်တှော့ မျက်လုံးထဲမှာ ပထမဆုံး ပြေးမြင် မိတာကတော့ အမေ့ရဲ့ မညီညာတဲ့ လက်သည်း တိုတိုလေးတွေပဲ ဖြစ်ပါတယ်။

ကျွန်တှော သိတတ်တဲ့ အရွယ်က စပြီးမှတ်မိ နေတာကတော့ ကျွန်တှောတို့ မောင်နှမ အားလုံးရဲ့ အဝတ်အစား တွေကို အမေ လျှောပေးတာပဲ ဖြစ်ပါတယ်။ ကူဖှောလောင်ဖက် မထားတတ်တဲ့ ကျွန်တှောတို့ မိသားစုရဲ့ ဓလေ့ကြောင့် တစ်ကြောင်း အရာရာကို ကိုယ်တိုင်လုပ်ရမှ ကျေနပ် တတ်တာက တစ်ကြောင်းကြောင့် အမေဟာ ပင်ပန်းပါတယ်။ အဝတ်လျှောလည်း အမေ၊ ထမင်းဟင်း ချက်တော့လည်း အမေ၊ ပစဿစည်းပျောက်ရင်လည်းအမေ၊ အိမ်သန့်ရှင်းရေးလည်း အမေ၊ အရာအားလုံးကို အမေကသာ ဒိုင်ခံပြီး လုပ်ပါတယ်။ အဝတ်တွေ လျှောရလွန်းတော့ အမေ့ လက်သည်းလေးတွေ ပါးပြီး တိုသွားတယ်။ ကျွန်တှော ငယ်ငယ်က အမေ့လက်ကို ကိုင်ကိုင်ကြည့်ပြီး အမေရယ် လက်သည်းလေးတွေ တိုသွားပြီလို့ ကျွန်တှော ပြောတဲ့အခါ အမေပြုံးပြီး ကြည့်တတ်ပါတယ်။ အဲဒီအခါမျိုးဆို ကျွန်တှော ဝမ်းနည်းလို့မဆုံးပါဘူး။

ဒီလိုနဲ့ တနေ့တာလုံး အလုပ်တွေ ဇယ်ဆက်သလို လုပ်ပြီးပြန်တော့လည်း ညဘက်မှာ အမေ မနားသေးပါဘူး။ ကျွန်တှောတို့ကို စာသင်ပါတယ်။ ကျွန်တှော အမြဲမှတ်မိ နေခဲ့တာကတော့ အမေ့ရဲ့ လက်ရေးလှ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ အမေက လက်ရေးဆို လှမှကြိုက်တယ်။ ကျွန်တှောတို့ ရေးထားတဲ့ စာလုံးတွေ ရွဲ့စောင်းနေရင် အမေဆူပါတယ်။ အသစ်ကစပြီး အကြိမ်ကြိမ် အခါခါ ပြန်ရေးရပါတယ်။ စာတစ်ပုဒ်ကို အကြိမ်များစွာ ရေးသားခဲ့ရတဲ့ ကျွန်တှော့ လက်ရေးတွေ ယနေ့ထက်တိုင် လှပသေသပ် နေရခြင်းဟာ အမေ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တှောကလည်း ဒီလက်ရေး လှလှလေးတွေကို အလွန်တရာ မြတ်နိုးပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက် ကများ ကျွန်တှော လက်ရေးလှကြောင်း ပြောတဲ့အခါတိုင်း အဲဒါ အမေ့ကြောင့်လို့ အမေ့ကို အမြဲသတိတရ ကျေးဇူးတင်မိပါတယ်။

အမေငယ်ငယ်က အလွန်တရာ မချောပေမယ့် ချစ်ဖို့ ကောင်းပါတယ်။ အမေ၂လ သမီးအရွယ်က ပြင်းပြင်းထန်ထန် ကျောက်ပေါက် ခဲ့ရာကနေ မနည်း အသက်လုပြီး ကယ်ခဲ့ရတယ်လို့ ကျွန်တှော့တို့ကို အမေ့အမေ အဖွားက ပြန်ပြောပြ ဖူးပါတယ်။ ဒါကြောင့်အမေ့မျက်နှာ ပှေါမှာ အရာလေးတွေ အခုထက် တိုင်အောင်ကို နည်းနည်း ကျန်နေတုန်းပါပဲ။


ဆက်လက်ဖတ်ရှုပါရန်။

Tags: NLS , Essay

No comments: