Wednesday, April 5, 2006

ဆယ်တန်းတုန်းက သူငယ်ချင်းတွေ

ဆယ်တန်း ကျောင်းသားဘဝ နှလုံးခုန်တတ်တဲ့အရွယ်။ ဧရာဝတီမြစ်ကြီး ဖြတ်စီးနေတဲ့ မြစ်ကြီးနားမြို့ရဲ့ မနက်ခင်းတွေမှာ နှင်းတွေက ပိန်းပိတ်လို့၊ ဆောင်းလေတွေက တိုးလွန်းလို့ အကဿငျီ လက်ဖျားလေးတွေကို အောက်အထိ လုံနေအောင် ဆွဲချ ထားရတယ်။ ဈေးထောင့်က ညီအစ်မ ၃ ယောက်ရောင်းတဲ့ ရေစိမ်ခေါက်ဆွဲ ဆိုင်လေးမှာ ရေစိမ်သုတ်ကို မုန်ညင်းချဉ်လေးနဲ့ စားရင်း အပူငွေ့တွေလည်း ထုတ်လွှင့်ခဲ့။ ငါတို့ကျောင်းကြီးက ရေနံချေးတွေဝလို့။ ငါတို့ စက်ဘီးထားရာ နေရာလေးက စိန်ပန်းတွေ ဝေနေအောင်ပွင့်လို့။ တရုတ်မလေးတွေက မျက်လုံးပေါက် ကျဉ်းကျဉ်းလေးတွေနဲ့ တိုးတိုးတိုးတိုး ရယ်လို့။ ဆရာမကြီး ဒှေါသိန်းမြင့် ကလည်း ကျောင်းတက်ခါနီးတိုင်း ကြိမ်လုံးဆွဲပြီး ကျောင်းတံခါးဝမှာ စောင့်လို့။ ဆန်းဖလားဝါးက ကောင်မလေးလည်း ယုန်ကလေး တစ်ကောင်လို ပြုံးလို့။ လက်ဖက်ရည် ဆိုင်တွေမှာလည်း ထူးအိမ်သင်ရဲ့ မြို့ပြလရောင်လေးကို လွမ်းဆွတ်တဲ့ အသံတွေ ဖုံးလွှမ်းလို့။ လေးဖြူရဲ့ ကမဿဘာသစ်တေး အသံတွေလည်း ငါတို့သူငယ်ချင်းတွေ ဆိုညည်းလို့။ ဂျွန်ဖိန့်နဲ့ မနက်ခင်း အလင်းဆိုင်လေးမှာ ထိုင်ရင်း လောကကြီး အကြောင်း ဆွေးနွေးရင် ဆွေးနွေးလို့။ စိုးနေဝါး အိမ်မှာ ဂစ်တာတီးရင် သွားတီးလို့။ အဟောက်အိမ်သွားပြီး မိုးကောင်းက ကောင်မလေး တစ်ယောက်ကို သွားငေးရင်ငေးလို့။ ဆရာဝန် မောင်ယဉ်ထွန်းနဲ့ သီချင်းတိုက်ရင်လည်း တိုက်ဖြစ်လို့။ အားနိမ့် ဆိုင်ကယ်လ်နဲ့ လာခှေါတိုင်း ပါသွားလည်း ပါသွားလို့။ ကရိန်နှောက ခေါင်ရည်ဆိုင်လေးမှာ သူငယ်ချင်းတွေနဲ့ စကားပြောရင်း အမူးသောက်လို့။ ကျှောလှ ရဲ့ တရုတ်စာသင်တန်းလည်း ကျွန်တှော့ဆီ အခမဲ့ လာပို့ချလို့။ အမေရိကားရောက် သူငယ်ချင်း တစ်ယောက်လည်း မနက် မိုးမလင်းသေးခင် ကျွန်တှော့ဆီ အမြဲလာလည်လို့။ ခွန်းအောင်ဆိုတဲ့ ကချင်တိုင်းရင်းသား ကျွန်တှောတို့ အတန်းခေါင်းဆောင် တစ်ယောက်လည်း ကျွန်တှောနဲ့ ခင်လွန်းလို့။ သူငယ်ချင်းတွေ လီဒိုလမ်းတစ်လျှောက် ညဘက်ဆို ဆိုင်ကယ်စီးလို့။ ဆရာဦးဝင်းစိန် ကျူရှင်နားက လက်ဖက်သုတ် ဆိုင်လေးလည်း မီးလေးတွေ မလင်းတလင်း ထွန်းလို့။ မြစ်တစ်ဖက်ကမ်းက တောင်တွေလည်း ဆိုင်ကယ်ရာတွေ ဖုံးလွှမ်းလို့။ မီးခိုးတွေ၊ နှင်းစက်တွေ၊ ရိုးသားတဲ့ ခင်မင်းခြင်းတရားတွေ၊ သူငယ်ချင်းတွေ၊ ဖြူစင်တဲ့ ငယ်ဘဝတွေ။

အခုတော့ တှောတှောများများလည်း မနဿတလေးမှာ ဆရာဝန်တွေ ဖြစ်ကုန်ကြပြီ။ အဟောက်က သွားဆေးမှာ။ အနုံ နဲ့ ယဉ်ထွန်းက ဟောက်စ်ဆင်းနေပြီ။ ကျားညိလည်း အတူတူပဲ။ ရွယ်အောင်ကတော့ ရန်ကုန်မှာ တွေ့ခဲ့သေးတယ်။ ကျှောလှနဲ့ မြင့်ဆွေက ထိုင်ဝမ်မှာ။ အက်ားက စကဿငာပူ အန္င္တီယူမွာ။ အတူးက မန်းလေးမှာ။ အားနိမ့်က ထိုင်ဝမ်ကနေ မြန်မာပြည် ပြန်ရောက်သွားပြီတဲ့။ မိစံ လည်း ရန်ကုန်ပြန်ရောက်နေပြီ။ စိုးနေဝါးတော့ အဂဿငလန် ရောက်နေပြီလား မသိ။ ခွန်းအောင်ကတော့ နိုင်ငံခြားကို အသင်းတှောက လွှတ်တယ် လို့ပြောတယ်။ တနေ့နေ့တော့ သူငယ်ချင်းတွေ ပြန်တွေ့ချင်သေးတယ်ဗျာ။ ဘယ်မှာ နားခိုမလဲ ဆိုတဲ့ သီချင်းလေး နားထောင်ပြီး ဆယ်တန်းတုန်းက သူငယ်ချင်းတွေကို လွမ်းလွမ်းဆွတ်ဆွတ် ရေးမိတာပါ။


Tags : Myitkyina , Friend , Yin Htun , Aung Naing Lin , Kyaw Kyaw Htun , Htwe Aung , Myint Swe , Kyaw Hla , Khun Aung , Hnin Nu Hlaing , Phyu Min San , Moeh Moeh Thu , Khin Khin Htwe , Ywel Aung , Saw Soe Nay Wah , Tin Tin Aye

No comments: