Saturday, April 1, 2006

မျက်ကန်းအချစ်

မျက်ကန်းအချစ်


ယုံကြည်မယ် သူပြောတဲ့စကားတွေ
ဘဝပျက်သုဉ်းသွားပါစေ
သံသယနဲ့ အကြည့်ကင်းမဲ့ အသက်နဲ့ ပုံချစ်မယ်
ဘယ်လိုပင် လှည့်ဖျားကစားလည်းကွယ်
အချစ်ရဲ့ စကားလေးတွေ
မြတ်နိုးဆဲ ကြည်နူးမြဲ တွယ်တာနေဆဲကွယ်

အချစ်ရယ် လူတကာတွေ ပြောနေသလို
လှည့်စားလို့ နေလားကွယ်
ရင်ဆိုင်ကာမမေး
ဒီအတိုင်းပဲ နေမယ် အချစ်ရယ်

ငယ်သူငယ်ချင်းက ပြောတယ်
မေ့ထားရင် အကောင်းဆုံးတဲ့
ချစ်လွန်းတဲ့ သူငယ်ချင်းနဲ့ လမ်းခွဲနေလိုက်တယ်
ပိုင်ဆိုင်တဲ့ အဆင့်အတန်းမရှိလည်းကွယ်
တကယ်ချစ်တာ တစ်ခုတည်းနဲ့
ပစ်သွားလည်း ချစ်မြဲပဲ အနွံတာ ခံဆဲပဲ

အချစ်ရယ် လူတကာတွေ ပြောနေသလို
လှည့်စားလို့ နေလားကွယ်
ရင်ဆိုင်ကာမမေး
ဒီအတိုင်းပဲ နေမယ် အချစ်ရယ်။


လွန်ခဲ့တဲ့ ၁၅ နှစ်ကျှောက ကိုထူးအိမ်သင်ရဲ့ ရှားပါး သီချင်းလေး တစ်ပုဒ်ပါ။ တချို့လူတွေ နားတောင် မထောင်ဖူးပါဘူး။ သီချင်းပေးတဲ့ Native Myanmar က ဇနနဲ့ ကိုဖိုးသားကို ကျေးဇူး တင်ပါတယ်။ ထူးအိမ်သင် ဝဘ်ဆိုဒ်ဟာလည်း ထူးအိမ်သင်ကို ချစ်ကြတဲ့ သူတို့တတွေ ခက်ခက်ခဲခဲ ကြိုးစား တည်ထောင် ပေးထားကြတာပါ။ ထူးအိမ်သင်ကို ချစ်သူတိုင်း အမှတ်တရ ဝင်ရောက်လည်ပတ် နိုင်ပါတယ် ခင်ဗျား။
Tags : Htoo Eain Thin , Myanmar Song , Lyric

No comments: