Thursday, March 30, 2006

Solar Eclipse

29.03.2006



မနေ့က နေကြတ်သွားတယ်။ အမေက ဟိုတစ်နေ့ကတော့ ပြောသား “သားမနက်ဖြန် နေကိုမကြည့်နဲ့ နေကြတ်လိမ့်မယ်တဲ့” ဘာဖြစ်လို့လည်းတော့ မသိဘူး။ ဒါပေမယ့် ကိုယ်အိပ်ယာ ထတဲ့အချိန်က နေစောင်း နေပြီလေ။ ကြည့်ချင်တာတောင် မမြင်ရတော့ဘူး။ ဘရာဇီးလ်၊ အာဖရိက၊ တူရကီ၊ အာရှတိုက် အလယ်ပိုင်းနဲ့ မွန်ဂိုးလီးယား တို့ကနေ နေကြတ်တာကို လေးမိနစ်လောက် မြင်တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တော့ မပါခဲ့ဘူး။ လက နေနဲ့ ကမဿဘာကြားကို တည့်တည့် ရောက်သွားတာကို နေကြတ်တယ်လို့ ခှေါပါတယ်။ လကွယ်နေတော့ နေကို မမြင်ရတော့ဘူးပေါ့။ (ထိုအရာကို ယနေ့အထိ မသိသေးသော လူကြီးများ ရှိ၏ မယုံမရှိနှင့်)။ တချို့ကတော့ ဒီလို နေကြတ်တာကို ဘာသာရေး အမြင်နဲ့ ကြည့်ကြတယ်။ အနဿတရာယ် တစ်စုံ တစ်ခု ကျရောက်နိုင်တဲ့ အတိတ်နိမိတ်လို့ ယူဆကြတယ်။ တချို့နေရာတွေမှာတော့ ဒါကို တခမ်းတနား ကြည့်ကြပါတယ်တဲ့။ တူရကီမှာတော့ ၁၉၉၉ ဩဂုတ် ၁၁ မှာတုန်းက နေကြတ်ပြီး ငလျှင် အကြီး အကျယ်လှုပ်ခဲ့ ဖူးတာကြောင့် လူ ၁၈၀၀၀ ကျှော သေခဲ့ဖူးတယ်။ ဒါကြောင့် တချို့လည်း ဒီတစ်ခါ ဖြစ်မှာ စိုးလို့ အစဿစတန်ဘူလ်က လူတွေ အိမ်တွေကို စွန့်ခွာ ခဲ့ကြတယ်လို့ ဆိုပါတယ်။

Via : Google News
Tags : Solar Eclipse , Knowledge , Chaos

No comments: