Monday, March 27, 2006

Myanmar Salaries Rise

ဗိုလ်မှူးချုပ် ကျှောဆန်းက အစိုးရဝန်ထမ်းတွေ လခတိုးမယ် ဆိုတဲ့ ကိစဿစကို အတည်ပြု ပြောကြားသွားပါတယ်တဲ့။ ဧပြီလကနေ စတင်ပါမယ်။ ရာထူးအလိုက် ၅ဆ ကနေ ၁၂ ဆနီးပါ တိုးတယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံး ဝန်ထမ်းတစ်ဦးဟာ အခုဆို ၁၅ဝဝဝကျပ် (US$ 12) ရရှိမှာဖြစ်ပြီး အဆင့်မြင့် ဝန်ထမ်းတွေ အနေနဲ့တော့ ၂ဝဝဝဝဝကျပ် (US$ 200) ရရှိမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းတွေလည်း တိုးပါတယ်တဲ့။ ဒါပေမယ့် ဒီသတင်းကို တရားဝင် ဖြန့်ချိဖို့ မလိုဘူး ပြည်သူတွေ အနေနဲ့ သိပြီးသားလို့ ဗိုလ်မှူးချုပ်ကျှောဆန်းက ပြောကြားပါတယ်တဲ့။ ဒီသတင်းနဲ့ အတူပဲ ကုန်ဈေးနှုန်းတွေ တက်သွားတာ ငွေလဲလှယ်နှုန်းတွေ တက်သွားတာ ကြားရပါတယ်။ ဒီလို ဝင်ငွေ တိုးတဲ့ သတင်းဟာ ဝမ်းသာစရာပါ။ ဒါပေမယ့် ဝင်ငွေတိုးပြီး ကုန်ဈေးနှုန်းလည်း လိုက်တိုးမယ် ဆိုရင်တော့ ငွေကြေးဖောင်းပွမှု ပိုဖြစ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ ဝင်ငွေထက် ငွေကြေးတန်ဖိုး မြင့်တက်လာမယ်ဆိုရင် ပိုပြီး ကောင်းမွန်မယ်လို့ မြင်မိပါတယ်။

သတင်း အကျယ်ကို ဒီနေရာမှာ ဖတ်ပါခင်ဗျား။ [Link]

Tags: Myanmar Salaries Rise , News , Knowledge

No comments: