Saturday, March 4, 2006

Devil Lyric: သီချင်းစာသားရှာတဲ့ ပရိုဂရမ်


အရင်တစ်ခါက သီချင်းတွေကို မသိရင် သီဆိုသူကို မသိရင် ရှာဖွေတဲ့ ဆိုတဲ့ Tunatic ဆော့ဖ်ဝဲလေး အကြောင်းကို ရေးခဲ့ ဖူးတယ်။ အခု နောက်ထပ် တွေ့တယ် ဆော့ဖ်ဝဲလ်က သီချင်းစာသား အလိုအလျောက် ရှာဖွေပေးတာပါ။ မိုက်တွေ ၊ အီးယားဖုန်း တွေတောင် မလိုတော့ပါဘူး။ ဖိုင်ဆိုဒ်လည်း သေးသေးလေးပါ။ ဝင်းဒိုး မီဒီယာ ပလေယာ၊ ဒါမှမဟုတ် ဝင်းအမ်န့် တစ်ခုခုကို ဖွင့်တာနဲ့တင် သက်ဆိုင်ရာ သီချင်းနာမည်ရော စာသားပါ ရှာပေးပါတယ်။ ကိုယ့်ဘာသာကိုယ် အခွေကနေ တိုက်ရိုက် အမ်ပီသရီး ပြောင်းထားတဲ့ သီချင်းမျိုး ဆိုရင်တော့ ကိုယ့်သီချင်း နာမည်ကို ရိုက်ထည့်ပေးရပါမယ်။ ဆိုးတာ တစ်ခုက သူက အင်တာနက်မှာ အဲဒီ သီချင်း စာသားကို မတွေ့ရင် အဲဒီ နာမည်ပါတဲ့ ဝဘ်ပေ့ရှ် တွေကို စာသားအဖြစ်နဲ့ ကူးတော့ တာပါပဲ။ ဥပမာ- အဲဒီ ပရိုဂရမ်ကို သီချင်းမပါဘဲ ဖွင့်ပြီး ညီလင်းဆက် လို့ ရိုက်ထည့် မယ်ဆိုရင် သူက ပထမဆုံး သီချင်းစာသားကို ရှာပါတယ်။ ရှာလို့ မတွေ့တဲ့ အခါကျ ဒီဝဘ်ဆိုဒ်က စာသားတွေကို ကူးပါတော့တယ်။ ဒါက ကျွန်တှောတို့ မြန်မာသီချင်းတွေ ကျမှသာ ဖြစ်တာပါ။ အဂဿငလိပ် သီချင်းတွေတော့ အိုကေပါတယ်။ ( Here )

See relative software here : Minilyric

No comments: