Tuesday, March 28, 2006

Codes for Searching Music in Google


Google Search Engine မှာ ထဲထဲဝင်ဝင် သီချင်းရှာချင်ရင် ဒီကုဒ်ကို သုံးရပါမယ်။ သူက နောက်ဆုံး အပ်ဒိတ် လုပ်ထားတဲ့ သီချင်းရှိမယ့် နေရာတွေကို ပြပေးပါတယ်။
သီချင်း သီဆိုသူ နာမည်နဲ့ ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်ကို သုံးရပါမယ်။ နောက်က အနီပြထားတဲ့ ကုဒ်နေရာလေးမှာ ကိုယ်ရှာချင်သူကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ mp3 မဟုတ်ဘဲ wma ဖိုင်အမျိုးအစား လိုချင်တယ်ဆိုရင်လည်း ပြောင်းပေးရမှာ ဖြစ်ပါတယ်။
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။

Tags : Technology , Music Searching Code , Google

No comments: