Friday, March 17, 2006

နားခါးတယ်

နားခါးတယ်


ငါ့စကားသံများက
ဓါးသွားလို မထက်မြတော့
အားလုံးက မစိုးရွံခဲ့ကြဘူး

ငါက ဦးကိုညွှတ်ထားတယ်
မျက်စိကို ပိတ်ထားတယ်
နားတွေကို အဝေးပို့ထားတယ်
အသက်ကို ပြင်းပြင်းရှူတယ်
ရင်ထဲက မီးကို ငြိမ်းတယ်။

သူတို့က စကားကို ခက်ထန်စွာ ဆိုတယ်
ခေါင်းတွေကို မော့ထားတယ်
မျက်စိတွေက ငါ့ဆီမှာ စူးစိုက်တယ်
ငါ့အသက်ရှူသံတွေကို နားစွင့်နေတယ်
အသက်ကို ပြင်းပြင်းရှူပြီး
ရင်ထဲမှာ မီးကို မွှေးတယ်။

ငါ့မှာက အမုန်းတရားမရှိဘူး
ငါ့ခြေထောက်ပှေါ ငါရပ်တယ်
ပညတ်တွေ ပြဌာန်းချက်တွေ စည်းမျဉ်းတွေ
ငါ့ကို လာမထုတ်ကြနဲ့
နားခါးတယ်
မင်းတို့ရဲ့ အကြောင်းတရားတွေက
ငါ့ကို အကျိုးတရား လာမဖြစ်စေနဲ့
နားခါးတယ်

ငါ့ဘဝဟာ စူးနစ်ခဲ့
အညစ်အကြေးပေါင်းစုံ ပုံဖို့ခံခဲ့ရပြီးတဲ့
အပင်တစ်ပင်လို
မွှေးပျံ့သော အပွင့်တစ်ပွင့် ပွင့်လာမှ
ငါ့အကြောင်း ကောင်းသတင်း မကောင်းသတင်း ရေးဖွဲ့ဖို့ မစဉ်းစားကြနဲ့
နားခါးတယ်။

17 March, 2006

Tags : NLS , Poem

No comments: