Thursday, March 30, 2006
ဝသန်ကာလ မိုးကျတည့်လျှင်
ဝသန်ကာလ မိုးကျတည့်လျှင်
ပျှောပျှောပါးပါး မယားနှင့်ဆွေငယ်လင်
လက်တွဲငယ်ခြေငင်
ချည်နီပေါင်း တွတ်တွတ်ကယ်နှင့်လေး။
မိုးရေဆွတ်လို့ အဝတ်ကယ်မပါ
သားသမီးကို ကိုယ်ထီးပွေ့လို့သာ
ဆေးတံတထွာ ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တခွင် ထွန်ရေးငယ်
ရေဝင်ပုဇွန်တွင်းငယ်နှင့်လေး။
ဖားပေါင်စင်းငယ် ခြင်းပလိုင်းဝယ်
ခရုပီလော ရောနှော၍သာလွယ်
ဟင်းရွက်ကယ်နုနယ် တသွယ်ကန်စွန်း
ဆူးပုတ်ကယ်ကင်းပုံ အလုံးစုံ
ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး။
ချိုလည်းချိုလွန်း ရည်ရွှန်းများစွာ
ကြံ့ဟင်းကြွက်နားပေါင်း သောင်းပြောင်းရော၍သာ
အိမ်သို့ရောက်ခါ လျင်စွာချက်ပြုတ်
ထမင်းကပူ ဟင်းကပူ
ရှူရှူသာရှမ်းငရုတ်ကယ်နှင့်လေး။
အလုတ်ကယ်ရောသာ ငုံ့ကာလွေးတော့သည်
သားမြေးငယ်မာချာ ဗယ်ညာထွေးတော့သည်။
ဝန်ကြီးပဒေသရာဇာ (၁၆၈၄-၁၇၅၄)
ကျွန်တှော အနှစ်သက်ဆုံး ရှေးမြန်မာ စာဆိုတွေထဲမှာ ဝန်ကြီးပဒေသရာဇာဟာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ သူ့ကဗျာတွေဟာ မြန်မာမှု ဓလေ့ကို ကောင်းကောင်းကြီး ဖှောပြနိုင်ပါတယ်။ သူ့ကဗျာတွေ ဖတ်ရတာ စိတ်ရွှင်လန်းမှု စိတ်ချမ်းသာမှုနဲ့ မိသားစုဘဝ စတာတွေကို ခံစားရစေပါတယ်။
Tags : Ancient Myanmar Poem , Padaytha Yarzar
No comments: