Wednesday, March 29, 2006

နိုင်ငံသိကဿခာချတဲ့ကောင်တွေ


ကိုယ့်နိုင်ငံက ကောင်းချင်ကောင်းမယ် မကောင်းချင် မကောင်းဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံအကြောင်း အောက်ကျ နောက်ကျ ပြောတတ်တဲ့ မြန်မာကောင်တွေတော့ သောက်မြင်ကပ်တယ်။ မြန်မာပြည်ကို သိကဿခာကျအောင် သူတို့ အရင်လုပ်တာ။နိုင်ငံခြားသားက သူတို့ပြောမှသိတယ်။သူတို့ကို ပြောတော့ ဘာရလဲ။ မြန်မာလူမျိုး မြန်မာနိုင်ငံပဲ သိကဿခာကျရတယ်။ ငါတို့နိုင်ငံက မကောင်းလို့ မင်းတို့နိုင်ငံလာအလုပ်လုပ်ရတယ်လို့ ပြောတာ ဂုဏ်ယူစရာလား။ ရင်နာစရာလား။ ငါတွေ့ဖူးပါတယ်။ နိုင်ငံမကောင်းကြောင်း ဖွာလန်နေအောင် ပြောပြီး အခွင့်အရေး ရမယ်ဆိုရင်တော့ ဘယ်သူနဲ့ ပေါင်းရပေါင်းရ လိုချင်နေတဲ့ ကောင်မျိုးတွေ။ သူတို့ကို ပါမစ်ပေးမယ် ပြောကြည့်ပါလား အားလုံးနဲ့ အလွမ်းသင့်အောင် ပေါင်းပြပါလိမ့်မယ်။ အော့နှလုံးနာတယ်။ လုပ်တယ်ဆိုလည်း ပီပီပြင်ပြင်လုပ်။ ဘာအခွင့်အရေးမှ မယူနဲ့။ မဟုတ်ဘဲနဲ့ နိုင်ငံအတွက်တော့ ဘာမှမလုပ်ဘဲ နိုင်ငံကိုမကောင်း ပြောတဲ့ ကောင်မျိုးတော့ ကိုယ့်လူမျိုးလို့ ပြောရမှာတောင် ရှက်တယ်။ မနေ့ကတော့ ငါမေးလိုက်တယ်။ မင်းက ဘာများ ထူးထူးခြားခြား လုပ်နိုင်နေပြီလဲ။ ပညာဘယ်လောက် တတ်ပြီလဲလို့။ နိုင်ငံခြားမှာ ပညာသင်ချင်ရင် ပိုက်ဆံနဲ့ ကြိုးစားမှု နဲနဲပဲ လိုတယ်။ အချိန်တန် အလုပ်ရမယ်။ ဒါမျိုးလူက ထူးချွန်သူ မဟုတ်ဘူး။ ပြောင်းလဲ စေနိုင်သူ မဟုတ်ဘူး။ ကိုယ့်နိုင်ငံကို တိုးတက်စေချင်ရင် ကိုယ့်ကိုယ်ကို အရင်ဆုံး တှောအောင် လုပ်ရတယ်။ လူတှောမှ လူလေးစားမယ်။ လူလေးစားမှ ကိုယ်ပြောတာ သူများ လက်ခံနိုင်မယ်။ အရမ်းတှောတဲ့ သူတွေပေါင်းမှ အရမ်းအဆင့်မီတဲ့ နိုင်ငံတစ်ခု ဖြစ်မယ်။ စကားတွေ ဖွာရာရ လျှောက်ပြောနေမယ့်အစား ကိုယ့်ကိုယ်ကို တှောအောင် မလုပ်ကြဘူး။ ဒီအချိန်မှာ ရသင့်တဲ့ ပညာ ရှာသင့်တဲ့ ပညာ ရှာထားမှ နောင်တစ်ချိန် လိုအပ်လာတဲ့ အခါ မင်းက အဆင်သင့် ဖြစ်နေမယ်။ မင်းအဆင်သင့် မဖြစ်ရင် မင်းထက်တှောတဲ့လူက မင်းနေရာ ယူသွားလိမ့်မယ်။ ဒါဟာ ပညာပဲ။ လူတိုင်း နိုင်ငံကို ကောင်းစေချင်ကြတာပဲ။ ဒါပေမယ့် အလကားနေရင်း ကိုယ့်နိုင်ငံကိုယ်တော့ သူများဆီမှာ သွားပြီး သိကဿခာ မချကြပါနဲ့။ ကိုယ်ပဲ ရှက်ဖို့ကောင်းတယ်။

အထက်ပါ အကြောင်းအရာမှာ မြန်မာများက နိုင်ငံခြားသားကို ပြောကြားခြင်းကိုသာ ဆိုလိုပါသည်။ မြန်မာ မြန်မာအချင်းချင်း ဆိုရင်တော့ ရင်ဖွင့်သည်ဟု ခံစားရသည်။


Tags : Idea , Diary

No comments: