Monday, March 27, 2006

ဖျားချင်ဦးဟဲ့

ဖျားချင်ဦးဟဲ့ ဆိုပြီး ကင်မရာယူပြီး ၃ မိုင်လောက် လမ်းလျှောက် ပစ်လိုက်တယ်။ Delhi Hat ဆိုတဲ့ အိနဿဒိယ ရိုးရာ လက်မှု ပစဿစည်းတွေ ရောင်းတဲ့ နေရာကို သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ၁၅ ရူပီး ပေးရတယ်။ ချွေးတွေဘာတွေ ထွက်ပြီး ကောင်းမလိုလို ဖြစ်သွားသေးတယ်။ အခုကျမှ တကိုယ်လုံး ပြန်နုံးချိပြီး ပင်ပန်းနေပြီ။ ဪ ဘဝဘဝ ဒီကိုယ္ခနဿဓာရွိလို့ ဒီလို နာရ က်င္ရသတဲ့။ ဘုရားဟော ရှိတယ်။ ကုလားပြည်မှာ လေကောင်းလေသန့် သွားရှူစရာ နေရာက မရှိဘူး။ ဖုံတွေ သဲတွေနဲ့ သေးနံ့တွေပဲ ရှိတယ်။ နွားတွေက လမ်းပှေါမှာ ဥဒဟို။ နွားချေးဆိုတာ အထူးအဆန်းမဟုတ်။ အခုထက်ထိ နွားချေးနဲ့ မံထားတဲ့ အိမ်တွေ ရှိသေးတယ်။ စရိုက်ပဲ။ စက်မှုဘက်မှာတော့ တိုးတက်ပါရဲ့။ လူနေမှုကတော့ ဖွတ်သာသာရယ်။ ကိုယ်နဲ့ ခင်တဲ့ ကုလားတစ်ယောက်ကို ပြောမိပါတယ်။ မင်းတို့ ကုလားပြည် ဒီလို စည်းမဲ့ကမ်းမဲ့ လမ်းဘေးသေးပန်းတဲ့ အလုပ်မလုပ်ဖို့ အမိန့်ထုတ်ရင် ကောင်းမယ်ဆိုတော့ ဘာပြောတယ် ထင်လဲ။ ဆနဿဒပြပွဲတွေ ဖြစ်သွားနိုင်တယ်တဲ့။ ဒီနိုင်ငံမှာ ဒီမိုကရေစီ ဆိုတာနဲ့ ကိုင်တုပ်ပြီး နေ့တိုင်းလိုလို ဆနဿဒ ပြပွဲတွေ ရှိတယ်။ ဆိုနီယာဂနဿဒီလည်း ရာထူးက ဆင်းသွားပြီ။ ဘာတွေမှန်းကို မသိဘူး။

Tags : Diary

No comments: