Friday, March 17, 2006

မှတ်မှတ်ရရ အိပ်မက်


ငါအိပ်ယာက နိုးလာတော့ မနက် ၃ နာရီ။ တကယ်ဆို မထချင်သေးဘူး။ အရမ်း ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်တယ်။ ဒါနဲ့ မျက်နှာ ထသစ်ပြီး အဓိပဿပာယ် ပြန်နေမိတယ်။ ကောင်းတယ်လို့ ယူဆ ရမလား။ မကောင်းဘူးလို့ ယူဆရမလား။ ပျင်းပျင်း ရှိတာနဲ့ ကိုယ့်ဘာသာ ဗေဒင် ထိုင်တွက်နေမိတယ်။ မကောင်းသေးဘူး။ ယုံတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ဟောရတာကိုတော့ ယုံမိသား။ အဖြစ်အပျက်တွေက တိုက်ဆိုင်တယ်။ လက်ဝါးပြင်နဲ့ ဇာတာခွင်မှာ အနာဂတ်တွေ ပြဌာန်းထား သလားလို့ ငါကဗျာလေးတစ်ပုဒ် ရေးဖူးတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်နဲ့ ပတ်သတ်သူတွေ အကြောင်းကို ထိုင်စဉ်းစား နေမိတယ်။

ပြာတွေလွင့်သွားတဲ့ တစ်နေ့မှာ ငါ့မီးခဲကနေ မီးတစ်စတော့ ထွန်းညှိနိုင်မှာပါ။


ကျွန်တှောဟာ ငယ်ငယ်တုန်းက အဖြူရောင်အကဿငျီလေးကို
တကယ်စိတ်စွဲ နှစ်သက်စွာ အမြဲတမ်း ဝတ်ခဲ့တယ်
ဒီလိုနဲ့ အချိန်တွေ ကုန်လာခဲ့တော့ ကျွန်တှောလည်း အရွယ်ရောက်ပြီ
ဖြူစင်လှသော အကဿငျီလေး ဝတ်ဖို့ ရှက်လာတယ်။
လူရယ် ခှေါနိုင်တဲ့အခါ နာကျင်တတ်ပြီ စိတ်မှာ
ပြန်လည်လျှောဖွပ် မရတော့ဘူး ဘဝက ညစ်ပတ်တယ်
အမှန်ကို မမြင်နိုင်သေးတော့
ဒီအညစ်အကြေးတွေ စွန်းဆဲ
ဖြူစင်လှသော အကဿငျီလေး မင်းအတွက် အားနာတယ်

No comments: