Thursday, March 2, 2006

ဂျစ်ပစီ

ငါဟာ စက်တပ်မထားတဲ့ သာမန် ရွက်လှေပဲ
လေစီးကြောင်းအတိုင်း အသင့်လိုက်ပြီး
စုန်ချည် ဆန်ချည် နဲ့
လူးလားခေါက်တုံ့ ဒီပင်လယ်နက်နက်ထဲ မျောနေခဲ့
ငါချစ်သော နေရောင်တွေ ကွယ်ပျောက်သွား
ငါချစ်သော ကြယ်ရောင်တွေ တဖျတ်ဖျတ် လက်လက်လာ
ငါကိုယ်တိုင်က ရောက်ချင်ရာရောက်နေပြီး
လှိုင်းတွေက ငါ့ခရီးလမ်းကို ဖျောက်ဖျက်ပေးကြ
ခွာသံများ တဖြောင်းဖြောင်း ကြားရလောက်အောင်ကို
ငါက အပြေးမြန်တဲ့ ရွက်လှေငယ်လေးပါ
ရာသီဥတုဆိုးတာတောင်
လွမ်းဆွတ်ချင်းတေးဆိုမပျက်ခဲ့သူက
မုန်တိုင်းကို ဒူးထောက်ရိုးလား
ငါ့ဘယ်သူ့ကိုမှ အရောင်မဆိုးခဲ့ဘူးကွဲ့
တစ်ကိုယ်တှော လွန့်လူးခဲ့သူ ရှပ်ပြေးလှေငယ်လေးရဲ့
လက်တစ်ခုပ်စာ ဦးနှောက်ကလည်း
ကမာကြီး အကြောင်း တွေးနိုင်ပါသတဲ့
နှင်းစက်
လေပြေ
မြေရနံ့နဲ့
သက်တံ့တွေ အဆုံး
ခရီးစဉ် ဘယ်ဆီဘယ်ဝယ် မရှိပေမယ့်
ငါ့ရွက်တွေကတော့ ဝင်ရိုးစွန်းတွေအထိ ပွင့်နေဦးမှာပဲ။


No comments: