Tuesday, February 21, 2006

Sound Editing and Windows Xp Tricks


ကျွန်တှော့ အတွက်တော့ ကွန်ပြူတာဟာ အဖှောမွန်ကောင်း တစ်ယောက်ပါပဲ။ နေ့စဉ်နဲ့အမျှ လေ့လာစရာတွေ သင်ယူစရာတွေ အသစ်အဆန်းတွေ နဲ့ ပြည့်နေတယ်။ နေ့စဉ် တွေ့ရှိတာ တွေထဲက ကောင်းနိုးရာရာ လေးတွေ၊ ကောင်းမွန်တဲ့ ဆောဖ့်ဝဲလ်လေးတွေ၊ စိတ်ဝင်စားစရာ နည်းပညာတွေ အသုံးချမှုတွေ ကို သူငယ်ချင်း တွေအတွက် ဝေမျှလိုက်ပါတယ်။ ကျွန်တှော ဝေမျှတဲ့ အရာတွေဟာ တတ်ကျွမ်းသူတွေ ပညာရှင်တွေ အတွက် မရည်ရွယ်ပါဘူး။ လွယ်လွယ်လေးနဲ့ သာမန်လူ တစ်ယောက် အလွယ်တကူ နားလည် နိုင်မယ့် ဟာတွေကိုသာ ရွေးချယ်ထားပါတယ်။

တချို့သူများက ကွန်ပြူတာကို သုံးသာသုံးနေတယ်။ ကိုယ့်စက် မမ်မိုရီ က လုံလောက်မှု ရှိရဲ့လား စွမ်းဆောင်မှု နည်းနေလား မသိကြပါဘူး။ ဒီဝဘ်ဆိုဒ်မှာ (Click) ကိုယ့်ပီစီကို Performance ကောင်းလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ရှင်းပြထားပါတယ်။ ကျွန်တှောတို့လို စက်ကို မြန်အောင် သုံးလိုသူတွေ၊ မမ်မိုရီ အများကြီး လိုအပ်သူ Graphic Designer တွေအတွက် Windows' Preferences က လှဖို့ မလိုပါဘူး။ စက်ကို မြန်မြန် သုံးချင်တဲ့ သူတွေအတွက် ပြင်ဆင်ရမယ့် လွယ်ကူတဲ့ Trick လေးတွေ ဖြစ်ပါတယ်။ ( See More Here )

Sound Editingကို စိတ်ဝင်စားတဲ့ သူတွေအတွက် ဒီဆော့ဖ်ဝဲလ် လေးက အရမ်း ကောင်းပါတယ်။ ပရှော ဖက်ရှင်နယ်လ် မဟုတ်သူ တွေအတွက် ပိုက်ဆံ အကုန်ခံပြီး Acid လို WaveLab လို LincenseSoftware တွေ ဝယ်သုံးစရာ မလိုပါဘူး။ အနည်းဆုံး PirateSoftware အတွက်တောင် ပိုက်ဆံ ၁၀၀၀ လောက် အကုန် ခံစရာ မလိုပါဘူး။ Audacity ဟာ အဲဒီ လိုင်စင် ဆောဖ့်ဝဲလ်တွေ နီးပါး ကောင်းမွန်ပါတယ်။ အက်ဆစ်လို Track တွေ ခွဲပြီး Mix လုပ်လို့ ရတယ်။ WaveLab လို အသံ Effect တွေ ထည့်လို့ ရတယ်။ ဒါပေမယ့် သူ Record လုပ်တာရော Edit လုပ်တာရောက WaveFile ဖြစ်ရပါမယ်။ ကိုယ်ပြင်ဆင် ပြီးသားဖိုင်ကို ပြန်ပြီး Export လုပ်တဲ့အခါ Wave ဒါမှမဟုတ် Mp3 လုပ်နိုင်ပါတယ်။ ( Download Here )


Software , Windows XP Performance , Download , Sound Editing , Audacity

No comments: