Saturday, February 18, 2006

Mahabharata

ခရီးသွားရင်းနဲ့ မဟာဘရတ ဇာတ်တှောကြီး ဒုတိယတွဲကို အပြီးဖတ်လိုက်တယ်။ ဒုတိယ ပိုင်းကတော့ နှစ်ပြည်ထောင် မင်းသားတွေ စစ်ပြိုင်တဲ့ အကြောင်းကို အသေးစိတ် ရေးထားတယ်။ ဘီမ ဆိုတဲ့ မင်းသားက ကောရဝ မင်းသား ၁၀၁ ယောက်ကို ရင်ဆိုင်သတ်ဖြတ်ပုံ၊ အဇုန နဲ့ ခါန ဆိုတဲ့ ပဏဿဍဝ ညီအကို ရဲ့ မြှား ပြိုင်ပွဲတွေ အကြောင်းက ဒီဇာတ်ရဲ့ အသက်ပါပဲ။ ရှေးခေတ်က ရသေ့ပေးတဲ့ ဂါထာကို မန်းမှုတ်တဲ့အခါ သက်ဆိုင်ရာ နတ်ဒေဝါက ကြွလာပါသတဲ့။ ခါနဆိုတဲ့ လေးသမားဟာ လောကတစ်ခုလုံးမှာ အေတာှဆံုးပါပဲတဲ့။ သူ့ကို ပဏဿဍဝေတြက အကိုအျကီးဆံုးဆိုတာ မသိဘဲ တိုက်ခိုက်ကြရတယ်။ ကုတီဆိုတဲ့ ဘုရင့် သမီးတှောက ဂါထာကိုရွတ်တဲ့အခါ နေနတ်သား ကြွလာပါသတဲ့။ ဘာလိုချင်သလဲ မေးတော့ မင်းသမီးက ရှက်နေပါသတဲ့။ အဲဒါနဲ့ နေနတ်သားက အဟမ်း.. ဘာလိုချင်တယ်ဆိုတာ သိပါတယ် ဆိုပြီး သားဆုပေးရာကနေ ခါနကို မွေးလာပါသတဲ့။ အဲဒီ ကုတီကနေ နောက်ထပ် မွေးတဲ့ သားငါးယောက်ကလည်း ထိုနည်းလည်းကောင်းပါပဲ။ သိကြားနဲ့ ရတဲ့ သူနဲ့၊ လေနတ်သားနဲ့ ရတဲ့သူနဲ့ ။ သူ့ယောက်ျား ဘုရင်ကြီးကို ရသေ့တစ်ပါးက ကျိန်စာ တိုက်လိုက်လို့ မိန်းမနဲ့ ပေါင်းဖက်ခြင်း ပြုလို့ မရပါဘူးတဲ့။ အဲဒါနဲ့ သူက သူ့မိန်းမကို နတ်ဒေဝါတွေနဲ့ ပေါင်းဖက်စေပြီး ကလေးမွေးခိုင်းတာပါ။ ဖတ်လို့တော့ အလွန်ကောင်းပါတယ်။ စစ်ပွဲတွေ အကြောင်းကိုလည်း အသေးစိတ် ရေးထားတယ်။ သိကြားဆိုတာလည်း ပါတယ်။ လောကပါလ နတ်မင်းကြီး လေးပါးအကြောင်းလည်း ပါတယ်။ အသုရာတွေ အကြောင်းလည်းပါတယ်။ ဟနုမာန် အကြောင်းလည်းပါတယ်။ ရာမမင်း နန်းတင်ခဲ့တဲ့ ရာဝဏရဲ့ ညီတှော ဘီဘိသေန အကြောင်းလည်း ပါတယ်။ ဝေသဝဏ် နတ်မင်းကြီး အကြောင်းလည်း ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးချိန်မှာ ကျမ်းဂန်တွေကို အတှော သံသယ ဖြစ်လာမိတယ်။ ကရစ်သျှန ဘုရားရှင် စစ်ပွဲမှာ အဇုနကို ဟောတဲ့ တရားတွေဟာ ထင်ရှားလှတဲ့ ဘဂဝါဂီတ ဆိုတာ ဖြစ်လာပါတယ်။ အီပစ်တွေကို ဖတ်ချင်တဲ့ သူတိုင်းဟာ ဒီ မဟာဘရတ ဇာတ်တှောကြီးကို လုံးဝကို ဖတ်သင့်ပါတယ်။ ကျွန်တှော့အတွက်တော့ တစ်သက်နဲ့တစ်ကိုယ် အဂဿငလိပ်စာကို အများဆုံး ဖတ်ခြင်းပါပဲ။


Mahabharata , Essay , Idea

No comments: