Thursday, February 2, 2006

အထီးကျန်ခြင်း - Loneliness


အထီးကျန်ခြင်း ဆိုတာ တကယ်တော့ အရာများစွာကို စွန့်လွှတ် ဆုံးရှုံး လိုက်ရခြင်းပါပဲ။ ကိုယ့်ကို ရစ်တွယ်နေတဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်ခင်နှစ်သက်သူတွေ၊ ကိုယ်မြတ်နိုးတဲ့ အရာတွေကနေ အဝေးကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ဒါတွေကို ဆုံးရှုံးသွားရတဲ့အခါ အဲဒီ အထီးကျန်ခြင်း ဆိုတဲ့ အရာဟာ ရင်ထဲကို ပြင်းပြင်းပြပြ ဝင်ရောက်လာပါတယ်။ အဲဒီစိတ် ဝင်ရောက်လာတဲ့ အခါ လူသားတစ်ယောက်ဟာ အများကြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာတယ်။ မိမိကိုယ်ကို မုန်းတီးလာတယ်။ အရာရာကို အဆိုးမြင်လာတယ်။ သံသယစိတ်နဲ့ ကြည့်တတ်လာတယ်။ အယုံအကြည် နည်းပါးလာတယ်။ မိမိစိတ်ထင်ရာကို လုပ်တတ်လာတယ်။ အလေးအနက်ထားမှု ယိုယွင်းလာတယ်။ နာကျင်တယ်။ အချိန်တှောတှောများများမှာ ကိုယ့်ရဲ့ သိစိတ်ရော မသိစိတ်ကပါ အဲဒါရဲ့ စိုးမိုးမှုကို ခံလာရပါတယ်။

ဘယ်အရာတွေက အထီးကျန်ခြင်းကို ဖန်တီးသလဲ ဆိုတာ စဉ်းစားကြည့်တဲ့ အခါမှာ ပထမဆုံးက မတူညီတဲ့ အတွေးအမြင်များ ဖြစ်ပါတယ်။ ဒုတိယက လူတွေရဲ့ ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ တတိယက လူတွေကို ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ စတုတဿတက မိမိကိုယ်ကို ခွင့်မလွှတ်ခြင်း ဖြစ်ပါတယ်။ ပဥဿစမက သူတပါးကို ခွင့်မလွှတ်နိုင်ခြင်း ဖြစ်ပါတယ်။ ဆဋဿဌမက စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုနဲ့ ဘဝင်မြင့်မှု ဖြစ်ပါတယ်။ သတဿတမက အတဿတ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ချစ်မြတ်နိုးသူတွေနဲ့ ကွေကွင်းခြင်း ဖြစ်ပါတယ်။

အထီးကျန်ခြင်းဟာ သိပ်ကို လွမ်းဆွတ်ကြေကွဲစရာ ကောင်းပါတယ်။ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူကမှလည်း ကိုယ့်ကို နားလည်မပေးနိုင်၊ ဘယ်သူကမှ ကိုယ့်ခံစားချက်ကို မသိကြ ။ အဲလိုနဲ့ တမြေ့မြေ့ ခံစားရင်း ထိုသူဟာ လူတွေနဲ့ ပိုပြီးပိုပြီး ဝေးသွားပါတယ်။ အထီးကျန်သူများဟာ သူတို့ ခံစားချက်ကို လွယ်လွယ်နဲ့ ပြောမပြတတ်ပါဘူး။ သူတို့ တစ်ဦးချင်းစီမှာ နာကျင်ကြေကွဲစရာတွေ၊ ပြောပြလို့ မရတဲ့ အကြောင်းတွေ ၊ နောင်တတွေ၊ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ကျွန်တှောတို့ ပတ်ဝန်းကျင်မှာ အထီးကျန် ဖြစ်နေသူတွေကို တွေ့တဲ့အခါ ဒီအတိုင်း ပစ်မထားလိုက်ဘဲ နွေးနွေးထွေးထွေး ကူညီ ဖေးမ အကြံပေးကြမယ် ဆိုရင် ကျွန်တှောတို့ လောကကြီးမှာ နာကျင်ခံစား ခါးသီးတဲ့ အမုန်းတရားတွေ အများကြီး လျော့ပါးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။


ဆက်လက်ဖတ်ရှုရန် ဤနေရာသို့ နှိပ်ပါ
ဖိုင်ကို ဖွင့်ရန် ဤ စကားဝှက်ကို သုံးပါ ( loneliness )
Essay

No comments: