Tuesday, February 28, 2006

KZY and Death Lock


ကျွန်တှော အွန်လိုင်း စသုံးပြီး စာတွေ စရေးဖြစ်ကတည်းက အခုချိန်အထိ သူငယ်ချင်း အနည်းအကျဉ်း ရခဲ့တယ်။ သာမဏေန သာမဏေနော၊ ဂုဏေနဂုဏော လို့ပဲ ပြောရမလား မသိဘူး။ စာပေကို မြတ်နိုးသူ အချင်းချင်း ၊ ဂီတကို မြတ်နိုးသူ အချင်းချင်း ခင်မင်ခွင့် ရခဲ့တယ်။ သူတို့တွေနဲ့ စကားပြောရတာ ပေါင်းရတာ သိပ်ကောင်းတယ်။ အယူအဆ မတူတာ တချို့ ရှိပေမယ့် ကျွန်တှောတို့ တစ်ယောက်နဲ့ တစ်ယောက် မပုတ်ခတ်ကြဘူး။ နားလည်ကြတယ်။ အချင်းချင်း အားပေးကြတယ်။ အများကြီး ပြောစရာ မလိုဘဲ နဲနဲ ပြောရုံနဲ့ နားလည်ကြတယ်။

ပထမဆုံး သိတဲ့ တစ်ယောက်က ဒီအယ်လ် လို့ခှေါတဲ့ ကဗျာရေးကောင်းတဲ့ ညီမငယ် တစ်ယောက်ပါ။ သူ့ကို အစကဆို မိန်းခလေးမှန်း မသိပါဘူး။ ကျွန်တှောလည်း မမေးမိဘူး။ ေတာှေတာှျကာမွ သိတာပါ။ သူနဲ့ ကျွန်တှောနဲ့က မှောဒန် ကဗျာကို နှစ်သက်ပုံခြင်း မြင်ပုံခြင်း တူပါတယ်။ ကျွန်တှောတို့ အချင်းချင်း အပြုသဘော ဝေဖန်ကြတယ်။ ထောက်ပြကြတယ်။ ပန့်ခ်တွေကို နှစ်သက်တဲ့ death-metal တေးဂီတကို နှစ်သက်တဲ့ သူမဟာ အပြင်မှာ တွေ့ရင် ထင်ရက်စရာ မရှိအောင်ကို စကားနည်း အေးဆေးပါတယ်။ ကျွန်တှော တွေ့ခဲ့ဖူးတဲ့ သူငယ်ချင်း မိန်းခလေး တွေထဲမှာ ဒီအယ်လ်ဟာ အကောင်းဆုံး မှောဒန်ကဗျာ ရေးနိုင်သူ တွေးခှေါတတ်သူ တစ်ယောက် ဖြစ်ပါတယ် ခင်ဗျား။

နောက်တစ်ယောက်က ဒီအယ်လ့်အကို ခက်ဇန်ရဲပါ။ သူနဲ့ ကျွန်တှောက ရွယ်တူတွေပါ။ သူ့ပထမဆုံး ကဗျာလေး ပလန်းနက်မှာ စတွေ့တော့ ချက်ခြင်းပဲ ကျွန်တှောတို့ လိုင်းတူတယ် ဆိုတာ သိခဲ့တယ်။ နောက်ပိုင်း သူနဲ့ ကျွန်တှော မက်ဆင်ဂျာမှာ စကားပြော ဖြစ်ကြတယ်။ ရန်ကုန်မှာ တွေ့ဖြစ်ကြတယ်။ ခက်ဇန်ရဲဟာလည်း ကျွန်တှော့လိုပဲ ဟိုစပ်စပ် ဒီစပ်စပ်လို့ ပြောလို့ရတယ်။ သီချင်းတွေရေး သီချင်းတွေလည်း ဆိုတယ်။ သူ့အသံဟာ တှောတှော ကောင်းပါတယ်။ Own Tune ကို ထိထိမိမိ ရေးနိုင် ဆိုနိုင်တယ်။ သူ့အခွေကို လုပ်နေတာ ကြာပါပြီ။ နောက်ဆုံး မြန်မာပြည် ကျွန်တှော ရောက်တော့ စတီရီယိုမှာ သူနဲ့ တွေ့ဖြစ်သေးတယ်။ သီချင်းတွေ မစ်စ်ဒေါင်း လုပ်နေပြီ။ လင်းဆက်ရာ ခင်ဗျားနဲ့ ကျွန်တှောနဲ့ က အဲဒါကြောင့်မို့ ပေါင်းလို့ ရတာလို့ သူမကြာခဏ ပြောတတ်ပါတယ်။ သူအောင်မြင်မယ်လို့ ကျွန်တှော ယုံကြည်ထားတယ်။ သူတို့ မောင်နှမ နှစ်ယောက်က ကျွန်တှော့အတွက် အမှတ်တရ ကဗျာ ရေးပေးထားတာ ရှိပါတယ်။ ကျွန်တှော့ ကဗျာ စာအုပ်လေးထဲမှာ ဖှောပြထားပါတယ်။ (Click) ကျွန်တှောတို့ နှစ်ယောက်ပေါင်းပြီး ကဗျာစာအုပ် ထုတ်ဖို့လည်း တိုင်ပင်ထား သေးတယ်။

Tags : Friend , Diary , KZY , Death Lock

No comments: