Sunday, February 5, 2006

ရွက်ပုန်းကောင်


သီချင်းတွေ နူးညံ့ခွင့်မရတဲ့အခါ
ကိုယ့်ကိုကိုယ် သဲလွန်စ ပြန်ရှာမယ်
ကျောင်းတှောသူ ကဝေမလေးရဲ့ နှုတ်ခမ်းတွေက
ကျွန်တှော့ရဲ့ မပွင့်ဖူးသေးတဲ့ ပန်းလေးတွေဖြစ်တယ်
ဘယ်သူမှသိခွင့်မရှိခဲ့ဘူး
ရင်ဘတ်ထဲမှာ သိမ်းထားမယ်
ဝိညာဉ် တစ်ကောင်လို
ကျန်ခဲ့တဲ့ အတိတ်ဟောင်းတွေကိုလည်းလွမ်းတယ်
မတူးဖှောခဲ့မိတဲ့ အနမ်းလေးတွေများ ပြန်ရမယ်ဆိုရင်
တိတ်တိတ်လေး တို့ထိကြည့်မယ်
သူမရဲ့ အိပ်ယာခင်းလေးမှာ သနပ်ခါးနံ့လေးတွေ သင်းနေမယ်
သူမရဲ့ ဆံနွယ်လေးတွေက လှိုင်းတွေလို ညို့ရီလို့ တွဲခိုဆိုင်းနေမယ်
သူမရဲ့ ဘယ်လက်သန်းလေးမှာ အဖြူရောင်လက်စွပ်လေးရှိနေမယ်
ငါ့အတွေးတွေတိုင်းကတော့ စိမ်းစိမ်းစိုစို
ငါ့နှလုံးသားက သံပြိုင်တေးကို တိုးတိုးဆိုနေရ
မျက်စိတွေမှိတ်ပြီး နားစွင့်ကြ
အကာလ ညတွေ ဖြစ်နေလည်း မြင်နိုင်တယ်
ပျောက်သွားတဲ့ အသံတိုင်းမှာ ရှောဝါရွက်တွေ ကြွေကျတယ်
အပျင်းပြေရုံသက်သက်အတွက်
ငါ့လက်များက ဂီတကို ရိုက်ခတ်မယ်
ပြီးရင် ရယ်သံတိုးတိုးလေးပြုရင်း
အားလုံးကို ကျောခိုင်းနှုတ်ဆက်လို့ထွက်ခဲ့တယ်။


No comments: