Saturday, February 18, 2006

ကျွန်တှောနဲ့ ကတိကဝတ်များ

ရှောဝါရွက်တို့တွင်
ငါ့နာမည်ကား
အခါခါထပ်နေ၏
ငါသည် လေနှင့်အတူ ကြွေလေပြီ။

စကဿကန့္လက္တံမ်ားနွင့္အတူ
တွဲခိုနေခဲ့သော စိတ်များကား
တဖျတ်ဖျတ်ခတ်လျှက်

အို မိတ်ဆွေများ
သင်တို့လာခဲ့သလိုကား ငါလာခဲ့သည်
မှန်၏
သို့သှော
သင်တို့ ပြန်သလိုတော့ ငါမပြန်လိုပါ
ငါကို ယုံကြည်ကိုးစားမှု နည်းသူဟု
သင်တို့ ဆိုလိုကဆို။

လောကရဲ့ ရင်ခွင်ထဲမှာ
ခေါင်းတိုးဝင်ပြီး
ငိုချင်ရာ ငိုခွင့်ရသော အရွယ်မဟုတ်တော့
ကိုယ်တတ်နိုင်တာလေးနဲ့တင်
မီးလောင်နေလည်း တယောထိုးနေနိုင်ပါရဲ့

နွမ်းကြေခဲ့သော
ငယ်ဘဝ နွေရက်များတွင်
ငါ့ဓါးသွားများ မထက်မြကြ
ငါ့သွေးများ မရဲကြ
ငါ့စကားများလည်း မစူးရှကြပါ

ငါ့အသက်ဓါတ်များ
အင်အားကြီးမားကြသောကြောင့်
လွယ်လွယ်နှင့်ငါ့ကို မစွန့်ခွာသွားခဲ့
သို့နှင့် ငါလည်း ပင်ပန်းဆင်းရဲစွာ

ငါ့လက်ဖဝါးမှာ ဓါးလည်းရှိသည်
ငါ့လက်ဖဝါးမှာ ပန်းများလည်းပွင့်သည်
ငါ့လက်ဖဝါးက ဆောင်းတွင်းဖြစ်သလို
ငါ့လက်ဖဝါးက ရင့်သီးသော နွေလေပူလည်းဖြစ်သည်

တစ်ခုသောညကာလတွင်
လမင်းသည် ငါ့အဖို့ရာ အေးမြဖူးသည်
ငါတမ်းတပါ၏ ချစ်သူ
လမ်းများပျောက်ဆုံးသောအခါ
လူဟာ နားခိုရာ
ဒါမှမဟုတ်
အလင်းရောင်ကို တမ်းတမြဲ ဖြစ်ပါ၏

မြေပုံသည် လမ်းကိုညွှန်းသှောလည်း
ခရီးသည်က မျက်ကန်းဖြစ်သည်
ခေါင်းလောင်းသံများ ဆူဝေစွာ အချက်ပေးကြသှောလည်း
ငါ့နားများက လေဟာနယ်ထဲ ရောက်နေ၏
ငါ့အိပ်မက်များကား သုံးဆယ့်တစ်

လမ်းများအဆုံးနိုင်သောအခါ
မျှောလွန်းသော မျက်လုံးများ ပြာဝေလာတတ်သည်
မိတ်ဆွေများ
ကျွန်တှော့ ခေါင်းငုံ့နေသည်ကို
ရင်မဆိုင်ဝံ့ သောကြောင့်ဟု ထင်မြင်ခဲ့ပါသလား

နေသည် အရှေ့မှထွက်ပြီး အနောက်သို့ ဝင်ခဲ့သည်
ကျွန်တှောတို့က ထိုနေကိုကြည့်ပြီး အချိန်ကို သတ်မှတ်သည်
ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူများကို ဂရုတစိုက်လုပ်သူများတွင်
လူသည် အဆိုးဝါးဆုံး သတဿတဝါ တစ်မျိုးပင် ဖြစ်ပါသည်။


poem , essay

No comments: