Saturday, February 25, 2006

ဘာသာဗေဒ နဲ့ ပန်းခြံ

ပန်းခြံထဲမှာ
အဘွားအိုနှစ်ယောက် ငိုတယ်
ငါနားမလည်တဲ့ ဘာသာဗေဒနဲ့ငိုနေတယ်
ငါ့စိတ်ထဲကို အဲ့ဒီ မျက်ရည်လာရိုက်တယ်
ငါနားမလည်ဘူးဘာသာဗေဒ
မျက်ရည်စက်မှာဘာသာဗေဒမရှိဘူး
ဘောလုံးတစ်လုံးမှာ ဘာသာဗေဒမရှိဘူး
ဂီတ မှာဘာသာဗေဒမရှိဘူး
ငါ သီချင်းဆိုတယ်
ငါ ဘောလုံးမကန်ဘူး
ငါ မငိုတတ်ဘူး
အဂဿငလန်က ဘရာဇီးကို ၄း၂ နဲ့ရှုံးတယ်
ဘက်ခမ်းတို့တွေငိုကြတယ်
အဂဿငလန်ဘုရင်မကြီးလည်း ငိုချင်ငိုမယ်
ငါ့ဘောလုံးလေးလည်းလိုက်ငိုတယ်
ငါ့မှာအဲ့ဒီတုန်းကအားမလိုအားမရကြီး
ဘာသာဗေဒကအဲ့ဒီမှာ
ငိုတယ်လို့မပြောဘူး
အရူးရသကို မျက်ရည်သကေဿငတနဲ့ပြတယ်
ငါက ငါဟာငါတွေးတယ်
ငါနားမလည်တဲ့ ဘာသာဗေဒနဲ့
ငါ့ရှေ့မှာ အဘွားအိုနှစ်ယောက်ငိုတုန်းပဲ
ငါကပန်းခြံထဲမှာ
သကေဿငတ နာရီကိုကြည့်ပြီး
လက်ပြလိုက်တယ်
ဒီနေရာမှာ ဘာသာဗေဒ မလိုဘူးဆိုတာကို
အဲ့ဒီပန်းခြံကြီးသိတယ်


ခတ်ဈာန်ရဲ

Tags : KZY , Poem , Friend

No comments: