Saturday, February 18, 2006

ဘာအတွက်များ



ငါဟာ လောကထဲကို ဘာအတွက်များ ရောက်လာခဲ့သလဲ။ ပတ်သတ်တဲ့ သူတိုင်းဟာ စိတ်ဆင်းရဲကြရတယ်။ ဘာဂြိုဟ်တွေ နကဿခက်တွေ လွှမ်းမိုးခံနေရသလဲ။ ငါမကောင်းဘူးလို့ အခါတစ်ရာ၊ တစ်ထောင် ၊ တစ်သောင်း အှောလိုက်ရင် သက်သာရာ ရမလား။ လူတွေ့ရင် ပြုံးပြပြီးတော့ နောက်ကျောမှာ အတင်းပြောတတ်တဲ့ မင်းတို့လို သူငယ်ချင်းတွေကိုလည်း ငါမုန်းတယ်။ ဒှေါလာ တစ်ဆယ်လောက်နဲ့ အထင်သေး ကြည့်တတ်တဲ့ သူငယ်ချင်း ဆိုတဲ့ ကောင်တွေကိုလည်း ငါမုန်းတတ်ခဲ့ပြီ။ ငါ့အတွက် ကြေကွဲ ဝမ်းနည်း ရသူတွေကိုအတွက်လည်း ငါခံစားရတယ်။ ငါဟာ စိတ်ပျော့ညံ့တယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ခေါင်းမာတယ် လို့လည်း ပြောတယ်။ ဟုတ်တယ်။ မင်းတို့ ငါကြုံတွေ့ရသလို ဘဝမျိုးတွေမှ မင်းတို့ မကြုံဘူးတာ။ မှတ်ထား။ ပညာတတ်တဲ့ ကောင်ဟာ ပညာကို လိုချင်တယ်။ အဲဒီပညာကို ဘာနဲ့မှ မလဲနိုင်ဘူး။ ပိုက်ဆံနဲ့လည်း မလဲ နိုင်ဘူး။ ပိုက်ဆံ ရဖို့ ပညာသင်ရမယ် ဆိုရင်တော့ ဆောရီးပဲ။ အငတ်နေလိုက်မယ်။

ငါက ခံစားလွယ်တယ်။ ငါ့ကို ခံစားလွယ်အောင် ဘဝက ပြုပြင်ယူခဲ့တယ်။ တကယ်တော့ ငါက မာရေကျောရေ ရှိချင်ခဲ့တဲ့ ကောင်ပါ။ ငါဟာ သူတပါးကို သူများထက်ပိုပြီး ချစ်တတ်သူပါ။ ငါ့ကြောင့် သူများနာကျင်မှာစိုးလို့ ငါသာ နာကျင်ခံချင်တဲ့ ကောင်ပါ။ ဒါပေမယ့် မင်းတို့ ဂုဏ်ပြု ချီးကျူးစကားပြောဖို့ မလိုပါဘူး။ ငါ့မှာ နာကျည်းတယ်ဆိုတာ မရှိဘူး။ ငါ့မှာ အမုန်းတရား မရှိဘူး။ ငါ့မှာ အမှတ်တရား မရှိဘူး။ အဲဒါကြောင့် အမှတ်သည်းခြေ မရှိတဲ့ ကောင်လို့ ဆိုချင်လည်း ရပါတယ်။ ငါမရည်ရွယ်ဘဲနဲ့ မှားယွင်းခဲ့တာတွေ အများကြီးပဲ။ ငါဘယ်လို ပြင်ဆင်ရမလဲ။ ငါဘယ်လို ပေးဆပ်ရမလဲ။ ငါစိတ်တွေ ဆင်းရဲနေချိန်မှာ သူတို့တွေ ငါ့ကို နားမလည်ကြဘူး။ ငါ့ကို အားပေးစကား ပြောဖို့ မလိုပါဘူး။ ငါလိုချင်တာ တိတ်ဆိတ်ခြင်းပဲ။ ငါ့ကို နှစ်သိမ့်ဖို့ မလိုဘူး။ ငါလိုချင်တာ တိတ်ဆိတ်ခြင်းပဲ။ ငါ့ကို စကားတွေ လာလာ မပြောကြပါနဲ့လို့ တောင်းပန်တယ် မရဘူး။ မရတော့ ငါထွက်ပြေးတယ်။ ငါဟာ သူရဲကောင်း မဟုတ်ပါဘူး။ ငါဟာ မဟာလူသား တစ်ယောက်လည်း မဟုတ်ဘူး။ ငါ့မှာ ခံစားချက် ရှိတယ်။ ရမဿမက်ရှိတယ်။ နှလုံးသားရှိတယ်။ ငါဟာ ကြေကွဲတတ်တယ်။ ငါဟာ ငိုကြွေးတတ်တယ်။ ငါကောင်းခဲ့ဖူးပါတယ်။ ငါဆိုးသွမ်းခဲ့ဖူးတယ်။ ငါ့ကိုယ်ငါလည်း အကြိမ်ပေါင်းများစွာ စိတ်အလို လိုက်ခဲ့ဖူးတယ်။ ငါဟာ လူကောင်းတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမယ့် ဖြစ်မလာတော့ဘူး။ ငါဖြစ်ချင်ခဲ့တာတွေ အားလုံးဟာ အခြေအနေ အချိန်အခါတွေကြောင့် ပြောင်းလဲ သွားခဲ့ ရပြီ။ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ အရာအားလုံးကို ငါ့ဘာသာ ငါဖန်တီး ယူခဲ့မိတာပါပဲ။ ဪ ငါအိပ်မှ ဖြစ်တော့မယ်။


Diary , Essay

No comments: