Monday, February 27, 2006

နှမြောစရာ ပုဂံ

ဒီနေ့ အန်တီ တစ်ယောက်ကို လက်ဆောင် ပေးဖို့ World Architectures ဆိုတဲ့ စာအုပ်လေး သွားဝယ်ဖြစ်တယ်။ အဲဒီ စာအုပ်ထဲမှာ ပုဂံ အကြောင်း ပါလာလို့ ဖတ်ရင်းနဲ့ Wiki မှာ သွားရှာကြည့်တယ်။ အဲဒီအခါ ဒီစာပိုဒ်လေးကို တွေ့ပါတယ်။

UNESCO has long tried unsuccessfully to designate Bagan as a World Heritage Site. However, Bagan's chance of becoming a World Heritage Site is now slim, as the government has renovated many temples and pagodas without taking into consideration their former architectural styles.

ကျွန်တှောလည်း ထေရဝါဒ ဗုဒဿဓဘာသာဝင် တစ်ယောက်ပါပဲ။ ဒါပေမယ့် ပုဂံ ဘုရားတွေ ပြင်တဲ့ ကိစ ကိုတော့ ကန့်ကွက်ချင်တယ်။ ကျွန်တှော့ မျက်လုံးထဲမှာ ပုဂံဟာ ရှေးဟောင်း အမွေအနှစ် လက်ရာတွေပဲ။ ဘုရား ဆိုတာထက် အမွေအနှစ်လို့ သတ်မှတ်ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေဟာ တန်ဖိုးရှိတယ်။ အဲဒီ အနုပညာ လက်ရာတွေကို သမရိုးကျ ပြုပြင် ပြင်ဆင် ခြင်းဟာ ဖျက်ဆီးရာ ရောက်ပါတယ်။ ပြင်ဆင်သူတွေရဲ့ စေတနာကို အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် သူတို့ ဘာလုပ်နေတယ် ဆိုတာ သူတို့ သိကြရဲ့လား ဆိုတာကိုတော့ သံသယ ဖြစ်မိတယ်။ တစ်ခါက လီယိုနာဒိုဒါဗင်ချီ ရဲ့ မိုနာလီဆာ ပန်းချီကားကို ပြင်ဆင်တာကို ဖတ်လိုက်ရတယ်။ ရှေးဟောင်း သုတေသန ပညာရှင်တွေ၊ ကျွမ်းကျင်သူ ပညာရှင်တွေ ပေါင်းစည်း တိုင်ပင်ပြီးမှ စနစ်တကျ ဒီပန်းချီကားကို သန့်စင် မွမ်းမံခြင်း လုပ်ကြတာပါ။ ကျွန်တှောတို့ ပုဂံ ဘုရားတွေကို ပြုပြင်လိုက်တာ လွန်စွာ နှမြောဖို့ ကောင်းပါတယ်။ ထီးတှော ပြိုကျနေပါစေ၊ ငုံးတိ ဖြစ်နေတဲ့ စေတီ ဖြစ်ပါစေ. အဲဒါဟာ သမိုင်းဝင် အနုပညာပါ။ အဲဒါကို ဖြစ်ကတတ်ဆန်း ပြင်ဆင်တာဟာ တန်ဖိုးကျအောင် လုပ်တာပါပဲ။ အဲဒါကြောင့် ပုဂံ ဘုရားတွေ ပြင်တယ် ဆိုတိုင်း ကျွန်တှော ဘယ်တုန်းကမှ သာဓု မခှေါခဲ့ဘူး။ မချီးကျူးခဲ့ဘူး။ တောက်တခေါက် ခေါက်နဲ့ မြန်မာတွေ အသိဉာဏ်မဲ့တာကို ဝမ်းနည်း နေခဲ့မိတယ်။ ရှေးဟောင်း အနုပညာကို ပြင်ဆင်လိုက်ရင် ရှေးဟောင်း မဟုတ်တော့ဘူး။ တကယ်ဆို ယူနက်စကို အမွေအနှစ် ထိန်းသိမ်းရေးလို အဖွဲ့အစည်းတွေ အကူအညီကို ယူပြီး ပြင်ဆင် သင့်ပါတယ်။ အခုတော့ သာမန် ပန်းရံ သမားတွေ လက်ရာနဲ့ အနုပညာတွေ အများကြီး တန်ဖိုးမဲ့ခဲ့ရပြီ။ ကျွန်တှောကတော့ မျက်လုံးတွေကို ခွဲထားပါတယ်။ ဘာသာရေးဟာ ဘာသာရေးပါ။ အနုပညာဟာ အနုပညာပါ။ ပုဂံကို ကျွန်တှောက အနုပညာ အမြင်နဲ့ပဲ မြင်ပါတယ် ခင်ဗျား။

Tags : Idea , Bagan

No comments: