Friday, February 24, 2006

နားမလည်ကြဘူး

တစ်နေ့ တစ်နေ့ အားအားယားယား ပို့နေကြတဲ့ Chain Letter တွေကို သိပ်စိတ်တို နေမိတယ်။ အိပ်ယာထလို့ အီးမေးလ် ဖွင့်လိုက်တာနဲ့ အဲဒီ Spam တွေနဲ့ တိုးတော့တာပါပဲ။ မြန်မာတွေ သိပ်အားယား နေကြလား မသိဘူး။ အဆိုးဆုံးက ပလန်းနက်မှာ ခင်လာတဲ့ သူတွေပဲ။ ကလေးငိုတဲ့ ပုံတွေလည်းပို့၊ ဒီစာကို ၁၅ စောင်ဝေရင် ထူးခြားမယ် ဆိုတာတွေလည်း ပို့၊ သတိရတယ် ဆိုတာကိုလည်း လူ၁၀၀ လောက်ကို ပို့၊ အဲဒီ လူတွေက ထပ်ပြီး တဆင့် ပြန်ပို့ နဲ့ စိတ်တှောတှော ဆိုးလာမိတယ်။ မပို့ပါနဲ့လို့ အခါခါ တောင်းပန်လည်း မရဘူး။ မည်းမည်း မြင်တိုင်း ထိုးဟောင်သလို လိပ်စာတွေ့တာနဲ့ လိုက်ပို့ တော့တာပဲ။ မဖတ်ပေမယ့် ဖျက်နေရတာကိုက အလုပ်တစ်လုပ်။ နောက်ဆုံး တင်းလာလို့ အီးမေလ်း တွေကို ဘန်းပစ်လိုက်တယ်။ အဲဒီလို ကောင်တွေကြောင့် တခြား သူငယ်ချင်း တွေနဲ့လည်း မျက်နှာ ပျက်ရတယ်။ ဒါတောင် ကျွန်တှောတို့က အကန့်အသတ်မဲ့ သုံးနေတော့ ပြသနာ မရှိလှဘူး။ မြန်မာမေးလ် တွေ သုံးနေတဲ့ သူတွေဆို တှောတှောလေး စိတ်ညစ်ကြမှာပဲ။ ဒီ Spam Mail တွေကြောင့် တခြားအရေးကြီးတဲ့ မေးလ်တွေ ဝင်မရ ဖြစ်မှာပဲ။ အဲဒါကို အဲဒီကောင်တွေ နားလည်ဖို့ ကောင်းတယ်။ မရှိတာထက် မသိတာခက် ဆိုတဲ့ စကားဟာ သိပ်မှန်တာပဲ။ ကျွန်တှောတို့လည်း ပို့ပါတယ်။ ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့ သူအချင်းချင်းဆို ထူးဆန်းတဲ့ ပုံကလေးတွေ၊ သီချင်းတွေ၊ ကဗျာတွေ၊ စာတွေ ပို့ကြတယ်။ တခါတလေ သီချင်းတွေ အီးဘွခ်တွေ ဆို ဝေမျှကြတယ်။ တှောပြီပေါ့။ အခုတော့ သိသိ မသိသိ ရမ်းသမ်းပြီး ကြိုက်မှန်း မသိ၊ မကြိုက်မှန်း မသိ ပို့တာတွေကတော့ လွန်ပါတယ်။ ရူးနေကြလား မသိဘူး။

Diary

No comments: