Tuesday, February 21, 2006

ဆူရိယိုထိုင်း နဲ့ ကျန်စစ်သား


ဒီနေ့ ယိုးဒယား တွေရဲ့ “ ဆူရိယိုထိုင်း ” ဆိုတဲ့ ဇာတ်ကားကို ပြန်ကြည့် ဖြစ်တယ်။ တဆက်တည်းမှာ မြန်မာတွေရဲ့ ကိန်းကြီးခန်းကြီး ပြောခဲ့တဲ့ လူမင်းရိုက်တဲ့ “ ကျန်စစ်သား” ဇာတ်ကားကြီးကို ပြန်သတိရသွားတယ်။ ကျွန်တှော မြန်မာပြည် ပြန်လာတော့ ကျန်စစ်သားက ရုံတင်ပြီးပြီ။ အဲဒီကားကြီးကို ညွှန်းလွန်းလို့ ရဲရင့်ရုံမှာ ထင်ပါရဲ့ မှောင်ခို လက်မှတ် ဝယ်ပြီး ကြည့်လိုက်တယ်။ ကြည့်နေရင်းနဲ့ ရှက်လိုက်တာ။ တောက်တခေါက်ခေါက် ဖြစ်နေမိတယ်။ ကျွန်တှော့လို စာဖတ်သူတိုင်း၊ ဗီဒီယို အက်ဒင်းတင်းတွေ ၊ ဇာတ်ညွှန်းတွေ အနည်းငယ် နားလည်သူတိုင်း၊ ကင်မရာ သဘောကို နားလည်သူတိုင်း ဒီဇာတ်ကား ဘယ်လောက် ညံ့လည်း ဆိုတာ သိနိုင်ပါတယ်။ ဒီဇာတ်ကားကို နိုင်ငံတကာမှာ ပြတယ်တဲ့။ ကျွန်တှော ရှက်လိုက်တာ။ ကျန်စစ်သားလို သမိုင်းဝင် မင်းတစ်ပါးဟာ ဇာတ်လမ်း တစ်ခုလုံး နေရာအနှံ့သွားပြီး ဖွန်ကြောင်နေတယ်။ နီးစပ်ရာ မိန်းမကို ယူတယ်။ ပုဂံပြည့်ရှင်ရဲ့ နန်းတှော မြို့ရိုးကြီးဟာ ညံ့ဖျင်းလွန်းတယ်။ အစစ် တည်ဆောက်ဖို့ မလိုပါဘူး။ ကွန်ပြူတာ ပညာနဲ့ ဖန်တီးလို့ ရပါတယ်။ လူငယ်တွေထဲမှာ ဖန်တီးနိုင်သူတွေ အများကြီးပဲ။ တိုက်ပွဲတွေဟာ မပီပြင်ဘူး။ ဝတ်စား ဆင်ယင်မှုတွေက သဘာဝမကျဘူး။ ငရမန်ကို ကျန်စစ်သား စစ်ထိုးတဲ့ တိုက်ပွဲဟာ မြင်း၁၅ ကောင်လောက်နဲ့ လူ ၅၀ လောက်နဲ့ ပြီးသွားတယ်။ မြင်းတွေက ဘုရင့် မြင်းနဲ့ မတူဘူး။ မြင်းပိန် တွေ ဖြစ်နေတယ်။ ဝင့်ကြွားမှု မရှိဘူး။ ဇာတ်လမ်း ဇာတ်အိမ်လည်း တိကျမှု မရှိဘူး။ ဒီဇာတ်ကားကို ယိုးဒယားကသာ ကြည့်မိရင် ရယ်ကြမှာဘဲ။ သူတို့ ရိုက်တဲ့ “ ဆူရိယိုထိုင်း” ဟာ အများကြီး အပြတ်အသတ် သာတယ်။ ဇာတ်လမ်း ခိုင်မာတယ်။ ကျွန်တှောကတော့ ဒီလို မင်းတစ်ပါးကို ပစ်စလက်ခက် ရိုက်ပစ်ရက်တဲ့ လူမင်းကို အံ့အားသင့်လို့ မဆုံးဘူး။ အဲလို ကားမျိုးသာ အကယ်ဒမီ ရမယ်ဆိုရင်တော့ မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို ခန့်မှန်း နိုင်နေပြီ။ ရှက်ဖို့ ကောင်းလိုက်တာ။ ကျွန်တှောတို့ မြန်မာတွေ အပြောမကြီးဘဲ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်နေပါပြီ။


Tag : Suriyothai , Kyansitthar , Lu Min , Movie Review

No comments: