Sunday, February 5, 2006

ဘာမှမသိဘဲ ခရီးသွားတဲ့ ခြေထောက်တွေ (၁)

အပိုင်း (၁)

ဘာမှမသိဘဲ ခရီးသွားတဲ့ ခြေထောက်တွေ


ငါသွားတော့မယ်

ငါ့ကိုမတားပါနဲ့

ငါ့အတွက် တခုခုတော့ ထားခဲ့ပါ



ကျွန်တှော နှုတ်ခမ်းလေး တစ်စုံထားခဲ့တယ်။
သက်ဆိုင်ခဲ့တဲ့ တွေအားလုံးတော့ ပြန်ယူသွားခဲ့တယ်။
သူမက ကျွန်တှော့ကို အိတ်ဆောင် နာရီလေး တစ်လုံးပေးတယ်။ ကက်ဆက် သေးသေးလေး တစ်လုံးပေးတယ်။ နာရီ ဓါတ်ခဲကို သူမ ဖြုတ်ယူထားလိုက်တယ်။ ကျွန်တှော တခါတည်း ရင်ဘတ်ထဲမှာ ထည့်သိမ်းထား ခဲ့လိုက်တာ ဒီနေ့ထက်ထိတိုင်ပဲ၊ တခါမှ မထုတ်ဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တှောမှတ်မိနေတယ်။ နာရီလေးဟာ ၁၁ နာရီ ၂၀ မိနစ်မှာ ရပ်တန့် နေပါလိမ့်မယ်။ ကက်ဆက်လေးမှာကတော့ အခွေပါမလာခဲ့ဘူး။

တောင်ကုန်းတွေကို ကျွန်တှောဖြတ်တယ်
မြက်ခင်းတွေကိုကျွန်တှောဖြတ်တယ်
တခါတရံ မောပန်းတဲ့အခါ ပိုင်ရှင်မရှိတဲ့ တဲငယ်လေးတွေမှာ ခဏတာနားခိုတယ်။
ဆာလောင်မွတ်သိပ်တဲ့အခါ သဘာဝအတိုင်း စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို လိုက်ရှာပြီး အေးမြတဲ့ရေကို သောက်သုံးတယ်။ လူတွေက ကျွန်တှော ဘယ်ကလာလဲ ဘယ်ကိုသွားမှာလဲ လို့မေးကြတိုင်း လင်ယုတန် ပြောတဲ့ ခရီးသည်ဟာ ကျွန်တှောပါပဲလို့ ကျွန်တှော ပြန်ပြောတဲ့အခါ သူတို့တတွေ မျက်မှောင်ကြုံ့ပြီး ပြန်ကြည့်ကြတယ်။ ကျွန်တှောကတော့ ရယ်မိတယ်။ တကယ်တော့ ကျွန်တှောဟာ ခရီးဘယ်ကနေစပြီး ဘယ်ကို သွားရမှန်း မသိတဲ့ ခရီးသည်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေသူ တစ်ယောက် ဖြစ်ပါတယ် မိတ်ဆွေတို့။


Essay

No comments: