Wednesday, March 1, 2006

စောက်ရူး

(၁၄)

ကျွန်တှောက ကိုယ့်ကိုကိုယ် ချိန်ကိုက်ဗုံး တစ်လုံးလို့ နာမည်ပေး ထားပါတယ်။ ဘဝရဲ့ အချိန်တှောတှော များများမှာ သင်တို့အားလုံး ကျွန်တှော့ဆီက ဒေါသဆိုတာကို တွေ့ရမှာ မဟုတ်ပါဘူး။ အမြဲပြုံးနေတတ်တဲ့ စောက်ရူးတစ်ကောင်ရဲ့ စိတ်ထားဟာ ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်ပါတယ်။ သူပေါက်ကွဲရာ အချိန်မရောက်မချင်း သူဟာ ဘယ်လိုမှ မပေါက်ကွဲပါဘူး။ ဆိုကြပါစို့။ ကျွန်တှောက ရာခိုင်နှုန်း ၁၀၀ မှာ ပေါက်မယ့် ချိန်ကိုက်ဗုံး တစ်လုံးလို့ ဆိုကြပါစို့။ လူတစ်ဦးက ကျွန်တှော့ကို ထိုးတယ်။ ကျွန်တှော မပေါက်ကွဲ သေးဘူး။ ဒါပေမယ့် ကျွန်တှောက အဲဒီအဖြစ်ကို ရာခိုင်နှုန်း ၃၀ လို့သတ်မှတ်တယ်။ နောက်တစ်ခါ ကောင်မလေး တစ်ယောက်က ကျွန်တှော့ကို စိတ်ညစ်စေတယ်။ ကျွန်တှောက ၄၀ ထပ်တိုးလိုက်တယ်။ ရဝ ဖြစ်နေပြီ။ ကျွန်တှော မပေါက်ကွဲ သေးပါဘူး။ ဒီလိုနဲ့ တစ်ခုတစ်ခု ဖြစ်လာလိုက်တာ ၉၉ ရောက်လာပြီ ဆိုပါတော့။ အဲဒီအချိန်မှာ ဘာမဟုတ်တဲ့ ပြသနာတစ်ခု ထဖြစ်တယ်။ ၁ ရာခိုင်နှုန်းပဲ ဖြစ်ပါစေ။ ကျွန်တှော ပေါက်ကွဲဖို့ အချိန်ရောက်သွားပြီ ဖြစ်ပါတယ်။ အခုဖြစ်တဲ့ ပြသနာဟာ ဘာမှမဟုတ်ဘူး ဆိုတာ ဟောဒီစောက်ရူးက လက်ခံပါတယ်။ ဒါပေမယ့် ၉၉ ဖြစ်နေခဲ့တဲ့ ကျွန်တှော့ရဲ့ ခံစားမှုတွေကိုတော့ လူကောင်းဆိုတဲ့ ခင်ဗျားတို့ နားမလည်နိုင်ခဲ့ပါဘူး။ ကျွန်တှောက စောက်ရူး တစ်ကောင်ပါ။ လူကောင်းတွေနဲ့ ခြားနားချက်တွေ ရှိရင် နားလည်ပေး ကြပေါ့ခင်ဗျား။

စောက်ရူးအက်ဆေး နံပတ် (၁၄)
Tags : NLS , Essay

No comments: